မြိတ်သင်္ကြန်

April 14, 2018

အေးချမ်းစွာ ရေကစားနိုင်ရေး မြိတ်မြို့တွင် စစ်ဆေးမှုများ ပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ သင်္ကြန်ကာလမှာ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ဖို့ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဆီက သိရပါတယ်။ သင်္ကြန်အကျနေ့မှာ မြိတ်မြို့နယ်ရဲတပ်ဖွဲ့က ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ အတူပူးပေါင်းပြီး ကျောက်ဖြူတောင် လမ်းဆုံမှာ ပိတ်ဆို့စစ်ဆေးရာမှာ မျက်နှာဖုံးတွေ၊ အချွန်အထက်ပါတဲ့ ကတ်ကြေး၊ ဝက်အူလှည့်စတဲ့ လူကို အန္တရာယ်ပြုနိုင်တဲ့ လက်နက်တွေကို သင်္ကြန်ရေကစားတဲ့ လူငယ်တွေဆီက သိမ်းဆည်းရမိခဲ့တယ်လို့ မြို့နယ်ရဲမှူး အေးမင်းဆီက သိရပါတယ်။ သတင်း ဇော်ဇော် (မြိတ်)  
3 years Ago

April 13, 2018

မြိတ်သင်္ကြန်အကြိုနေ့ ရေပက်ခံထွက်သူများဖြင့် စည်ကား

ဒီကနေ့ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူ သင်္ကြန်အကြိုနေ့မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အတွင်း ရေပက်ခံထွက်သူတွေ၊ ရေကစားကြသူတွေနဲ့ စည်းကားနေပါတယ်။ မြိတ်မြို့မှာ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ဒီကနေ့ သင်္ကြန်အကြိုနေ့ ဖြစ်ပေမယ့် မြို့ခံတွေအများစုက ရေခံထွက်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ အခြားယောဉ်တွေနဲ့ မဏ္ဍပ်တွေကို ရေပက်ခံထွက်သူတွေ များပြားနေပါတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ပိုပြီး ပျော်စရာကောင်းနိုင်တယ်လို့ ရေပက်ခံထွက်သူတွေက ပြောကြားပါတယ်။ မြိတ်မြို့နယ်မှာ သင်္ကြန်ကာလတွင် မြိတ်ကမ်းနားလမ်း၊ ကန်ဖျားမြေနီလမ်း၊ ဦးမြတ်လေးပန်းခြံရှိ မြိတ်ခရိုင် ဗဟိုရ်မဏ္ဍပ်၊ ရှမ်းချောင်းလမ်းမကြီး၊ ထားဝယ်စုရပ်ကွက်နဲ့ မြိတ်တောင်နယ်မြေ စတဲ့ ရပ်ကွက်တွေမှာ ရေကစားသူတွေ အများဆုံးဖြစ်ပြီး၊ စည်းကားဆုံး နေရာတွေလည်း ဖြစ်ပါတယ်။ အခုနှစ် မြိတ်မြို့သင်္ကြန်မှာ ဌာနဆိုင်ရာ မဏ္ဍပ်တွေနဲ့ အခကြေးငွေပေး မဏ္ဍပ် စုပေါင်း ၁၀ ကျော်နဲ့ မိသားစု ရေကစား မဏ္ဍပ်အသေးတွေ ရာနဲ့ချီ ရှိကြောင်း သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော် (မြိတ်)  
3 years Ago
Up