မြိတ်တွင် လေပြင်းတိုက်ခတ်၊ လူနေအိမ် ၄ လုံး ပျက်စီး

A d v e r t i s e m e n t With Us

April 26, 2016

မြိတ်တွင် လေပြင်းတိုက်ခတ်၊ လူနေအိမ် ၄ လုံး ပျက်စီး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု မုတ်ဆိတ်ကွင်းကျေးရွာမှာ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်မှာ လေပြင်းတိုက်ခတ်မှု ကြောင့် ဓနိမိုး၊ ထရံကာ လူနေအိမ် ၄ လုံး ပျက်စီးသွားခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး ဆုံးရှုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ငွေ ၃၅၅၅၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့တယ်လို့ ဒေသအာဏာပိုင်းအဖွဲ့စည်းတွေရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ လက်ရှိမှာ လေဘေးသင့် အိမ်ထောင်စု ၄ ခုရှိပြီး ကျား ၁၂ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၂၃ ဦးတို့မှာ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။ လေပြင်း တိုက်ခတ်တာကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ (သတင်း - မြတ်ထွဋ် - မြိတ်)
5 years Ago
Up