မြိတ်တွင် ဆိုင်ကယ်

August 13, 2017

မြိတ်တွင် ဆိုင်ကယ် နှစ်စီး တိုက်မှုဖြစ်ပွား၊ ၁ ဦး သေဆုံး

မြိတ်မြို့နယ် မြိတ် - ကျွဲကူးလမ်းမကြီး၊ တောရကျောင်း ရပ်ကွက်အပိုင်းမှာ သြဂုတ်လ ၁၂ ရက်နေ့ ၊ ည ၁၀ နာရီလောက်က ဆိုင်ကယ်နှစ်စီးတိုက်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးသွားတယ်လို့ ယာဉ်ထိန်းရဲက ပြောပါတယ်။ ဦးဝင်းကို (၅၂) နှစ် မောင်းနှင်လာတဲ့ ဆိုင်ကယ်က စိုးသိန်း (၁၈) နှစ်၊ မောင်းနှင်ပြီး ဇော်မျိုးဦး (၁၆) နှစ် လိုက်ပါလာတဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့တာဖြစ်ကြောင်း အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်တင်အောင်က ပြောပါတယ်။ "ဦးဝင်းကိုက တိုင်းရုံးဘက်က မောင်းလာပြီး လွယ်တင့်လမ်းသွယ်ထဲကို ချိုးကွေ့တယ်၊ မြို့တွင်းဘက်က မောင်းလာတဲ့ စိုးသိန်းတို့ ဆိုင်ကယ်က တိုင်းရုံးဘက်ကို မောင်းနေတာ ဆိုတော့ ဦးဝင်းကိုက တဖက်ယာဉ်ကြောရဲ့ အလယ်တည့်တည့်မှာ တိုက်ခံထိတာပါ၊ ညက သူ့ရဲ့မိသားစုဝင်တွေကိုလည်း ကျနော်တို့ ရှင်းပြလိုက်ပါတယ်။" ယာဉ်တိုက်မှုကြောင့် ဦးဝင်းကိုမှာ မေးရိုးကျိုး၊ရင်ဘတ်အတွင်းဒဏ်ရာ ရရှိပြီး စိုးသိန်းမှာ ညာမျက်ခုံးပေါက်ပြဲ၊ ပါးစောင်ပွန်းပဲ့၊ နဖူးရောင် ဒဏ်ရာ၊ ဇော်မျိုးဦးမှာ နှုတ်ခမ်းပေါက်ပြဲ ဒူခေါင်းပွန်းပဲ့ ဒဏ်ရာ အသီးသီးရရှိပြီး မြိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသနေစဉ် ဦးဝင်းကိုမှာ ရရှိဒဏ်ရာနဲ့ ည ၁၀ နာရီခွဲလေက်မှာ သေဆုံးသွားကြောင်း သိရပါတယ်။ ယာဉ်ကြောမရှင်းပဲ မဆင်မခြင်မောင်းနှင်ပြီး လူကို ထိခိုက်ဒဏ်ရာရမှုနဲ့ မိမိကိုယ်ကို သေစေသည်အထိ မောင်းနှင်သူ ဦးဝင်းကိုအား မြိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၆၂/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄ - က အရအရေးယူထားကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
4 years Ago
Up