မြိတ်တွင် ဂျပန်ခေတ်က

March 31, 2018

မြိတ်တွင် ဂျပန်ခေတ်ကဟု ယူဆရသည့် ဗုံးသီး ၄၀ ကျော် တွေ့ရှိ

  တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်မှာ ဒီနေ့မနက်က မြေကျင်းတူးရာကနေ ဂျပန်ခေတ်ကလို့ ယူဆရတဲ့ ဗုံးသီး အလုံး ၄၀ ကျော်ကို တူးဖော် တွေ့ရှိရတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လူနေအိမ် ဆောက်လုပ်ဖို့အတွက် မြေတူးဖော်ရင်း အနက် ၁ ပေလာက်မှာ သံချေးတက်နေတဲ့ ဗုံးသီး အလုံး ၂၀ ကျော်ကို တူးဖော် တွေ့ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ အဖွဲ့စည်းတွေက ဆက်လက် ရှာဖွေ တူးဖော်ရာမှ ၆၀ မမ ဗုံးသီး ၁ လုံး၊  ကျည်ခွံ ၄ ခုနဲ့ BA 100 ဗုံးသီး ၄၃ လုံး၊ စုစုပေါင်း ၄၄ လုံးကို တွေ့ရှိရတယ်လို့ အုပ်ချုပ်ရေးမှူး ဦးစိုးငယ်ကပြောပါတယ်။ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး အေးမင်းက “ဂျပန်ခေတ်ကလို့ ယူဆရတဲ့ဗုံးသီးတွေ ဖြစ်မယ် ထင်ပါတယ်။ အကုန်လုံးကတော့ ဗုံးသီးတွေချည်းပါပဲ။ အခု တွေ့ရှိတဲ့ မြေနေရာမှာ ရှင်းလင်းပြီး သက်ဆိုင်ရာ BE တပ်ကို လွှဲပြောင်းပေးအပ်လိုက်ပြီ” လို့ ပြောပါတယ်။ ဇော်ဇော်(မြိတ်)
3 years Ago
Up