မြိတ်တွင် ဆိုင်ကယ်နှစ်စီးတိုက်

July 1, 2017

မြိတ်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်၊ ၁ ဦး သေဆုံး

မြိတ်မြို့နယ်၊ ပပြင်ကျေးရွာအပ်စု၊ ရာဇဘာကျေးရွာ၊ ရှောင်ကွင်းလမ်းမှာ ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီလောက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားလို့ ၁ ဦး သေဆုံးခဲ့ပါတယ်။ ပပြင်ကျေးရွာအုပ်စု၊ ရာဇဘာကျေးရွာ မြိတ်-ထားဝယ်သွားတဲ့ ရှောင်ကွင်းကားလမ်း မိုင်တိုင်အမှတ် (၆/၂) မှာ ကျော်စွာဝင်းမောင်းနှင်ပြီး အောင်လင်းစိုးလိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ ရှေ့ကကုန်ကားကို ကျော်တက်စဉ် တဖက်ယာဉ်ကြောက သက်နိုင်ဦး မောင်းနှင်ပြီး မေမြတ်နိုးသူ လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ၀င်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ကျော်စွာဝင်းကတော့ ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားပါတယ်။ သက်နိုင်ဦးကတော့ ပွန်းပဲဒဏ်ရာတွေ ရရှိလို့ မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားတယ်လို့ သိရပါတယ်။ ဆိုင်ကယ်နောက်က လိုက်ပါလာသူတွေ ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံး/ဒဏ်ရာရရှိအောင် မောင်းနှင်သူ ကျော်စွာဝင်းအား သမုတ်ရဲကင်းစခန်းမှ ယာဉ်(ပ)၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
5 years Ago
Up