မြိတ်တွင်

A d v e r t i s e m e n t With Us

July 6, 2018

မြိတ်တွင် ကျပ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် လမ်းတံတားများ တည်ဆောက်မည်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း ကျပ်ငွေ ၂ ဒသမ ၇ ဘီလီယံ အသုံးပြုပြီး လမ်း၊ တံတားတွေ ဆောင်ရွက်မယ်လို့ ဇူလိုင် ၆ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒေသခံတွေကို  ရှင်းလင်းပြောကြားပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသူရက “ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ ကျနော်တို့ဌာနကလည်း ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့်အပိုင်းကို ရပ်ကွက်နေ ပြည်သူတွေကို ပွင့်လင်းစွာ ရှင်းပြတာပါ။ ဘတ်ဂျက်တိုကာလ (ဧပြီလမှ စက်တင်ဘာလ) အတွက် ကျပ် ၂ ဒသမ ၇ ဘီလီယံ ရရှိပါတယ်။ လမ်း၊ တံတားတွေ ဆောင်ရွက်မယ့်အပိုင်းတွေကို ပြည်သူများသိရှိစေဖို့ ဒီပွဲလေး လုပ်ရခြင်း ဖြစ်ပါတယ်။ ဒီဘတ်ဂျက်အတွင်းမှာ ကျောက်လမ်း ၇ လမ်း၊ ကွန်ကရစ်လမ်း ၄ လမ်းနဲ့ တံတားတိုအစင်း ၂ဝ ကို လုပ်ဆောင်မှာပါ” လို့ ပြောပါတယ်။ ခုလို ပြည်သူတွေကို ရှင်းလင်းတင်ပြရာမှာ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှူးတွေသာ  တက်ရောက်လာခဲ့တဲ့အတွက် ပြည်သူတွေ ပိုမိုပါဝင်လာဖို့ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက အကြံပေး ဆွေးနွေးခဲ့ပါတယ်။ ရှင်းလင်းပွဲကို တက်ရောက်လာသူတွေဟာ အုပ်ချုပ်ရေးမှူးတွေသာ ဖြစ်နေတဲ့အတွက် နောင်ပြုလုပ်မယ့် ဘယ်လိုဌာနဆိုင်ရာ ပွဲတွေကိုမဆို ဒေသခံတွေ ပိုမိုပါဝင်လာစေဖို့ အုပ်ချုပ်ရေးမှူးတွေက ဆောင်ရွက်ပေးဖို့လည်း လွှတ်တော်အမတ်က တိုက်တွန်းလိုက်ပါတယ်။ သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)
3 years Ago

February 24, 2018

မြိတ်တွင် အိမ်အကူမိန်းကလေးအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အိမ်ရှင်လင်မယားကို ဖမ်းဆီး

မြိတ်မြို့မှာ အိမ်အကူမိန်းကလေးအား နှိပ်စက်လို့ အိမ်ရှင်လင်မယားကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မြိတ်မြို့၊ ကြံတောကွက်သစ်ရပ်နေ ဦးအောင်ကိုကို(ခ) အောင်ကို (၂၅ နှစ်) နဲ့ ဇနီးဖြစ်သူ မမြတ်မွန်ထွဋ်(၂၃ နှစ်) တို့ရဲ့ အိမ်မှာ ကလေးထိန်းအိမ်အကူမိန်းကလေး နှိပ်စက်ခံနေရတယ် သတင်းရလို့ ဖေဖော်ဝါရီ ၂၁ ရက်က လူကုန်ကူးမှုကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြိတ်မြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ အိမ်အကူ မိန်းကလေးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၁၁ နှစ်အရွယ် မရွှေဇင်ဝင်း(ခ)ရွှေဇင်(၁၁ နှစ်) ဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်က အဲဒီအိမ်မှာ တလကို ငွေကျပ် ၃ သောင်းနဲ့ ကလေးထိန်း အိမ်အကူ လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးထိန်းရတဲ့အပြင် အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးတွေကိုလည်း လုပ်ရပြီး ညနက်မှ အိပ်ရတာကြောင့် ကလေးထိန်းချိန်မှာ ငိုက်ရင် ဦးအောင်ကိုကိုနဲ့ မမြတ်မွန်ထွဋ်တို့က ခြိမ်းခြောက် ပြောဆိုတာ၊ လက်သီးနဲ့ မျက်နှာကိုထိုးတာ၊ ထိုင်ထအကြိမ် ၁၀၀၀ လုပ်ခိုင်းတာ၊ လက်သည်းနဲ့ ကုတ်ဖဲ့တာ၊ ဟင်းချက်ဇွန်းပြားနဲ့ ရိုက်နှက်တာတွေ လုပ်တယ်လို့လည်း မရွှေဇင်ဝင်းက ဖြေပါတယ်။ ဒါကြောင့် လည်ဂုတ်ညိုမဲ၊ ဝဲမျက်လုံးဖူးရောင်၊ လက်ပွန်းခြစ်၊ ယာလက်သန်းပြတ်ရှ၊ ကျောကုန်းနာကျင်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အိမ်ရှင်လင်မယားကို မြိတ်မြို့ရဲစခန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဖမ်းဆီးပြီး ရဲအရေးမပိုင်မှုနဲ့ မြိတ်မြို့နယ်တရားရုံးကို  ဦးတိုက်လျောက်ထားခဲ့ပါတယ်။ တရားရုံးက ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ လက်ခံစစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - မြတ်ထွဋ်
3 years Ago
More News
Up