ဗြိတိသျှ မင်းသမီးလေးနှင့် မင်းသားလေးပုံ နန်းတော်က ထုတ်ပြန်

June 7, 2015

ဗြိတိသျှ မင်းသမီးလေးနှင့် မင်းသားလေးပုံ နန်းတော်က ထုတ်ပြန်

ဗြိတိသျှ နန်းလျာ ကင်းဘရစ်မြို့စား ၀ီလျှံနဲ့ မိဖုရား ကိတ်တို့ရဲ့ သမီးငယ် မင်းသမီးလေ ချာလော့တီ (Charlotte) နဲ့ သားကြီး မင်းသားလေး  ဂျော့ခ်ျ (George) တို့ နှစ်ယောက်တွဲပုံကို နန်းတော်က ဇွန် ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ မင်းသား ၀ီလျံရဲ့ မိဖုရား ကိတ်က သမီးငယ် မင်းသမီးလေး ချာလော့တီကို မေ ၂ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ မေလလယ်ပိုင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး မေလ ၂ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ မိသားစု ဓာတ်ပုံနောက်ပိုင်းမှာ မင်းသမီးလေး Charlotte ရဲ့ ပထမဆုံး ဓာတ်ပုံ ဖြစ်ပါတယ်။ မင်းသမီးလေး Charlotte ကို လာမယ့် ဇူလိုင် ၅ ရက်နေ့ကျရင် ဘုရင်မကြီး အဲလိစဘက်ရဲ့ ကျေးလက်စံအိမ်ရှိတဲ့ အင်္ဂလန် အရှေ့ပိုင်းက ဘုရားရှိခိုးကျောင်းမှာ ခရစ်ယာန် ဘာသာဝင်အဖြစ် ကြေညာဖို့ ရှိပါတယ်။ မင်းသားလေး George ကတော့ နောက်လကျရင် ၂ နှစ်ပြည့်မွေးနေ့ကို ကျင်းပဖို့ ရှိပါတယ်။ [gallery ids="96448,96449,96450,96451"]
6 years Ago
Up