ဗြိတိန် တောင်းပန်

April 28, 2018

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအရေး ဗြိတိန် တောင်းပန်

ဗြိတိန်နိုင်ငံထဲကနေ နေရပ်ပြန်ပို့ခံရမယ့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် သတ်မှတ်ချက် ပမာဏကို သတိမထားမိခဲ့တဲ့အတွက် ဗြိတိန် ပြည်ထဲရေး ၀န်ကြီး အမ်ဘာ ရုဒ်က တောင်းပန်လိုက်ပါတယ်။ မျှတပြီး လူသားဆန်တဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေကို အကောင်အထည် ဖော်မယ်လို့ ကတိပြုလိုက်ပါတယ်။ တရားမဝင် ရွှေ့ေ့ပြာင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေး ၀န်ကြီးဌာနရဲ့သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ကို မှားယွင်း တင်ပြခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်မှာ ၀န်ကြီးက အခုလို တောင်းပန်လိုက်တာပါ။ ပြန်ပို့မယ့်ပမာဏ အတိအကျကို သိသင့်ပါလျက်နဲ့ မသိခဲ့လို့ တောင်းပန်ကြောင်း ၀န်ကြီးက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ဖို့ ဖိအားပေးခံနေရတာ သီတင်းပတ် တစ်ပတ် ကျော်သွားပါပြီ။ ကာရေဘီယံ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဗြိတိန်ရဲ့ဆက်ဆံပုံ၊ ရွှေ့ပြောင်းတွေ ပြန်ပို့ရေးမှာ ပမာဏ သတ်သတ်မှတ်မှတ်ရှိ၊ မရှိ မသဲကွဲတာတွေကြောင့် ၀န်ကြီးကို နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။
3 years Ago
Up