ဗြိတိန် အီးယူမှခွဲထွက်ပြီး ကမောက်ကမဖြစ်ခဲ့သည့် အာရှစတော့ဈေးကွက် ပြန်တက်

June 29, 2016

ဗြိတိန် အီးယူမှခွဲထွက်ပြီး ကမောက်ကမဖြစ်ခဲ့သည့် အာရှစတော့ဈေးကွက် ပြန်တက်

ဗြိတိန်နိုင်ငံ၊ အီးယူအဖွဲ့ထဲက နုတ်ထွက်သွားပြီးနောက်ပိုင်း ကမ္ဘာ့စတော့ဈေးကွက်တွေ ကမောက်ကမဖြစ်ခဲ့ပြီး ဇွန် ၂၉ ရက်နေ့က အာရှဈေးကွက်တွေမှာ ပြန်တက်လာပါတယ်။ အခုတပတ် ဈေးတွေပြန်ဖွင့်ချိန်ကစပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပတလွှား စတော့ဈေးကွက်တွေ ပြန်ပြီးတည်ငြိမ်မှု ရလာပါတယ်။ ဇွန် ၂၉ ရက်နေ့ မနက်ပိုင်းက ဂျပန် နီကေးစတော့ဈေး .၇ ရာခိုင်နှုန်း တက်လာပြီး တိုယိုတာကားကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ အသက်ကယ်လေအိတ်တွေ ပြဿနာတက်လို့ ကားတွေ ပြန်အပ်ရပေမယ့်လည်း ၃ ရာခိုင်နှုန်းအထိတောင် မြင့်တက်ခဲ့ပါတယ်။ တခြားအာရှစတော့ဈေးကွက်တွေလည်း အစုရှယ်ယာတန်ဖိုးတွေ ပြန်မြင့်လာခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံရဲ့ အနာဂတ်စီးပွားရေးနဲ့ ငွေကြေးအခြေအနေ၊ အီးယူရဲ့ အနာဂတ်အလားအလာတွေကတော့ ဘယ်လိုဆက်ဖြစ်လာမလဲ အသေအချာ မပြောနိုင်သေးပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေကတော့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက တကမ္ဘာလုံးရဲ့ ငွေကြေးဈေးကွက်တွေနဲ့ စတော့ဈေးတွေ တည်ငြိမ်မှုရအောင် အတတ်နိုင်ဆုံး ၀ိုင်းဝန်းထိန်းသိမ်းကြမယ်လို့ မျှော်လင့်ကြတာပါ။
5 years Ago
Up