ဗြိတိန် သံတမန်နှင့်

April 1, 2018

ဗြိတိန် သံတမန်နှင့် ပညာရပ်ဆိုင်ရာ ၀န်ထမ်း ၅၀ ကျော် လျှော့ချမည်ဟု ရုရှားပြော

ရုရှားနိုင်ငံအတွင်းရှိ ဗြိတိန် သံတမန်နဲ့ ပညာရပ်ဆိုင်ရာ ၀န်ထမ်း ၅၀ ကျော်ကို လျှော့ချမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရုရှားစပိုင်ဟောင်း ဆာဂျီစခရီပါ နဲ့ သမီးဖြစ်သူ ယူလီယာတို့ အဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်-ရုရှား ဆက်ဆံရေး ဆိုးရွားနေချိန် ရုရှားက လက်တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်သံတမန် ၂၃ ဦးကို နှင်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ မတ် ၃၀ ရက်နေ့က ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနဟာ ဗြိတိန်သံအမတ်ကြီး လော်ရီ ဘရစ်စတိုးကို ဆင့်ခေါ်ခဲ့ပြီး ဗြိတိန်နိုင်ငံရှိ ရုရှားသံဝန်ထမ်း အရေအတွက်နဲ့အညီ ရုရှားနိုင်ငံရှိ ဗြိတိန်သံဝန်ထမ်း အရေအတွက်ကို တစ်လအတွင်း လျှော့ချဖို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားနိုင်ငံ မော်စကိုရှိ ဗြိတိန်သံရုံးက ဗြိတိန်သံဝန်ထမ်း အရေအတွက် ဘယ်လောက်ကို ထိခိုက်မယ်မယ်ဆိုတာ ပြောကြားခြင်းမရှိဘူးလို့ ရိုက်တာ သတင်းအရ သိရပါတယ်။
3 years Ago
Up