ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး

July 10, 2018

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျရယ်မီဟန့်ကို ခန့်အပ်

ဝန်ကြီးချုပ် ထရီဆာမေဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဂျရယ်မီဟန့်ကို ခန့်အပ်လိုက်ပါတယ်။ ဘရက်ဇစ် (Brexit) ခွဲထွက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲပြားမှုတွေ ပြင်းထန်နေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်-ဂျွန်ဆင်ဟာ ဇူလိုင် ၉ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒီ့အတွက် အရေးပေါ် လစ်လပ်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ ဂျရမီဟန့်ကို ချက်ချင်း ခန့်အပ်လိုက်တာပါ။ ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ် ထရီဆာမေထံ ပေးပို့တဲ့ သူ့ရဲ့နုတ်ထွက်စာထဲမှာ မေရဲ့ အီးယူနဲ့ နီးကပ်တဲ့ကုန်သွယ်ရေး ဆက်လက်ထားရှိမယ့် အစီအစဉ်အပေါ် ကန့်ကွက်ထားပါတယ်။ ဒါ့အပြင် ဘရက်ဇစ် ခွဲထွက်ရေးဌာနဝန်ကြီး ဒေးဗစ် ဒေးဗစ္စ (David Davis) လည်း ဇူလိုင် ၈ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ကြောင်း ဗွီအိုအေသတင်းအရ သိရပါတယ်။
5 years Ago
Up