ဗြိတိန်နိုင်ငံသူ

A d v e r t i s e m e n t With Us

February 23, 2016

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသူတဦး ထပ်မံပျောက်ဆုံးနေ

အသက် ၂၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသူတဦးဟာ မိသားစုကို ထိုင်းနိုင်ငံ ပတ္တယားမြို့ကို သွားမယ်လို့ ပြောခဲ့ပြီး တဦးတည်း ထွက်လာခဲ့ပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ Asiancorrespondent သတင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ ဂရေ့စ်တေလာ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ဗြိတိန်နိုင်ငံ၊ ဆွမ်းနေ့ဂ်ျမြို့မှဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အိမ်က ထွက်ခွာသွားခဲ့တာပါ။ အိမ်ကထွက်ခွာခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့ အချိန်မှာတော့ မိသားစုဟာ သူနဲ့ အဆက်အသွယ် လုံးဝမရရှိတော့လို့ ရဲဌာနကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လူပျောက် တိုင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မိခင်ဖြစ်သူ ဆမ်ဟာ ထိုင်းနိုင်ငံ၊ အိုနန်းကမ်းခြေမြို့မှ ဂရေ့စ်ဆီက ဖုန်းအ၀င်တကြိမ် ရရှိခဲ့ပြီး သူ့အသံဟာ တုန်လှုပ်ချောက်ချားနေပုံ ရတယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာတော့ ဂရေ့စ်ရဲ့မိခင် ဆမ်က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ “သမီးကို နာကျင်အောင်လုပ်ဖို့ လူတွေက ကြိုးစားနေကြတယ်။ သူ့နောက်ကို လူတွေ လိုက်နေကြတယ်။ သူအိမ်ပြန်လာချင်နေပြီ” လို့ တင်ထားခဲ့တာပါ။ အဲဒီနောက်မှာ ကရာဘိမြို့ကနေ ဂရေ့စ်ပြန်လာမယ်လို့ သတင်းရရှိခဲ့ပြီး မျှော်နေချိန်မှာ သူဟာ လေယာဉ်နဲ့ပါမလာဘဲ ထပ်မံပျောက်ဆုံးသွားခဲ့တာပါ။ ဆမ်က မိသားစုအနေနဲ့ ထိုင်းနိုင်ငံကို လိုက်သွားပြီး ဂရေ့စ်ကို ရှာဖွေသွားမယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှ နိုင်ငံခြားသားများ ကူညီရှာဖွေပေးရေးအဖွဲ့ကို ဆမ်က အကူအညီ တောင်းခံခဲ့ရာမှာ မျက်မြင်တွေက ဂရေ့စ်ရဲ့ အခြေအနေဟာ ပုံမှန် စိတ်ကျန်းမာရေး အခြေအနေ မရှိဘူးလို့ တွေ့ရှိရတာကိုလည်း ထည့်ပြောခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း အသက် ၂၁ နှစ်အရွယ် ဂျော်ဒန်ဂျက်ကော့ဘ် အမည်ရ အမျိုးသားတဦးဟာ ထိုင်းနိုင်ငံတွင်း တပတ်ကြာ ပျောက်ဆုံးခဲ့ပါသေးတယ်။ သူဟာ ဗြိတိန်နိုင်ငံ၊ ၀ီလ်ရှိုင်းယားမြို့မှဖြစ်ပြီး ပျောက်ဆုံးပြီး တပတ်အကြာမှာမှ ကရာဘိမြို့၊ ဖီဖီကျွန်းတွေနားမှာ လျှောက်သွားနေခဲ့တာကို တွေ့ရှိခဲ့ရတာပါ။ သူဟာ ငွေလည်းပြတ်သွားခဲ့ပြီး အင်တာနက်လည်း သုံးလို့မရတဲ့အတွက် မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ချိန်မှာ မိသားစုက ပျောက်ဆုံးကြောင်း တိုင်ကြားခဲ့ရတာပါ။
5 years Ago
Up