ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး

September 20, 2018

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်မြောက်ပိုင်းသို့ သွားရောက်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်နဲ့အဖွဲ့ဟာ ဒီကနေ့ မနက် ၈ နာရီက စစ်တွေလေဆိပ်ကို မြန်မာလေကြောင်းနဲ့ ရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြောက်ပိုင်းကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ မောင်တောခရီးစဉ်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့အပါအဝင် ဗြိတိသျှသံအမတ်ကြီး မစ္စတာဒန်ချက်ဂ်နဲ့ လူကယ်ပြန်ဌာနက  ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောမြို့နယ်က ပန်းတော်ပြင်ကျေးရွာ၊ မောင်တော် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတွေကိုလည်း  သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၂ရက်ကြာ ခရီးရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျယ်ရီမီဟန့်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့လည်း  တွေ့ဆုံဖို့ရှိပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
3 years Ago

February 11, 2018

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသကို သွားရောက်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေ လေဆိပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာပါတယ်။ ဒီခရီးစဉ်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးလည်း လိုက်ပါလာပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ စစ်တွေ လေဆိပ်ကနေ မောင်တောဒေသကို တပ်မတော် ရဟတ်ယာဉ်နဲ့ ဆက်လက်ထွက်ခွာသွားပါတယ်။ မောင်တောကအပြန်မှာတော့ စစ်တွေပြည်သူ့ဆေးရုံကို သွားရောက်ကြည့်ရှုသွားမယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ဒီနေ့မနက်ပိုင်းကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
3 years Ago
Up