ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းရတာက သူ့ဘ၀ရဲ့ ဂုဏ်ယူစရာလို့ ပြောကြားပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် မေဟာ မေလ ၂၄ ရက်က အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်တယ်လို့ ကြေညာပြီးနောက် မေဟာ လာမယ့် ဇွန်လ ၇ ရက်မှာ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့သီတင်းပတ်ထဲ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ပွဲ စတင်ပါတော့မယ်။ ခေါင်းဆောင်သစ်ဟာ ပိုမိုပြတ်သားတဲ့ ဘရဲဆစ်ထွက်ခွာမှု လိုလားဖွယ်ရှိတာမို့ ၀န်ကြီးချုပ်မေ ရာထူးက နုတ်ထွက်တာက ဘရဲဆစ်အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမှာပါ။
အီးယူနဲ့ ထိပ်တိုက်တွေ့မယ့် အခွင့်အလမ်းတွေ မြင့်တက်စေပြီး ခန့်မှန်းမရတဲ့ ချိန်စောပါလီမန် ရွေးကောက်ပွဲကို ကျင်းပရမယ့် အလားအလာလည်း ရှိပါတယ်။
ထရီဆာမေ ရာထူးကနုတ်ထွက်တာနဲ့ ပတ်သက်လို့ ၀န်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က စိတ်မကောင်း ဖြစ်မိကြောင်း ပြောခဲ့ကြပါတယ်။
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးကတော့ မေ ရာထူးက နုတ်ထွက်တာကို လေးစားကြောင်း ပြောပြီး လန်ဒန်မြို့သူမြို့သားတချို့ကတော့ ၀န်ကြီးချုပ်မေ နေရာကို ဆက်ခံသူဟာ ဘရဲဆစ် အကျပ်အတည်းကို ဖြေရှင်းနိုင်မယ် မထင်ဘူးလို့ ပြောခဲ့ပါတယ်။
2 years Ago