ဗြိတိန်အမျိုးသမီး

December 31, 2017

ဗြိတိန်အမျိုးသမီး ဟိုတယ်ပေါ်မှ ပြုတ်ကျ သေဆုံး၊ အလောင်းပြန်သယ်ရေး အလှူငွေကောက်ခံ

စပိန်နိုင်ငံတောင်ပိုင်း ကိုစတာဒယ်ဆိုလ်ဒေသ ဇိမ်ခံဟိုတယ်ပေါ်ကနေ ဗြိတိန်နိုင်ငံက အမျိုးသမီးတဦး ပြုတ်ကျ သေဆုံးသွားပြီး အလောင်းပြန်သယ်နိုင်ဖို့ မိသားစုဝင်တွေက အလှူငွေ ကောက်ခံနေပါတယ်။ လန့်က်ရှီးယားကောင်တီ ဘလက်ဘန်းမြို့မှာ နေထိုင်သူ လိုရန်အက်ကင်ဆန် အသက် ၂၉ နှစ်က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကိုစတာဒယ်ဆိုဒေသ၊ ဖူရန်ဂီရိုလာမြို့က၊ ယာရာမာ ကြယ်လေးပွင့်ဟိုတယ်မှာ ပါတီတက်ရင်း ဟိုတယ်ဝရန်တာက ပြုတ်ကျ သေဆုံးခဲ့တာပါ။ ဟိုတယ်က အထပ် ၁၅ ထပ်ကျော်ပဲရှိပြီး လှပတဲ့ ဓာတ်လှေကားတွေကြောင့် နာမည်ကျော်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက မစ္စအက်ကင်ဆန်ရဲ့ အိမ်ကို ဆက်သွယ်ပြီးကြောင်း ပြောပြီး “ကျနော်တို့ မိသားစုကို ဆက်သွယ်ပြီးပါပြီ။ သူမ မိခင်ကို သေဆုံးကြောင်း ပြောပြီးပြီ အမျိုးသမီးက ဝရန်တာက ပြုတ်ကျတာလို့ ဟိုတယ်က ကျနော်တို့ကို ပြောပါတယ်” လို့ သူက ပြောပါတယ်။ အက်ကစ်ဆန်ရဲ့ မိခင်နဲ့ ညီမဖြစ်သူတို့က သူမရဲ့ အလောင်းကို အင်္ဂလန် ပြန်သယ်ဖို့ ငွေကြေးမလုံလောက်လို့ အက်ကစ်ဆန်ရဲ့ သူငယ်ချင်းတွေက သူမအလောင်းကို ပြန်သယ်ဖို့ ရန်ပုံငွေကောက်ခံတဲ့ အင်တာနက်စာမျက်နှာ တခုဖွင့်ပြီး အလှူငွေ ကောက်ခံခဲ့ကြပါတယ်။ အလှူငွေ ပေါင် ၄၄၀၀ ရဖို့ရည်စူးထားပြီး ခုချိန်မှာ ပေါင်ငွေ ၂ ထောင်ကျော် ကောက်ခံပြီးပြီလို့ သိရပါတယ်။ သူမရဲ့မိတ်ဆွေတဦးက သူမက ချစ်ခင်ဖွယ်ရာနဲ့ သစ္စာရှိပြီး လှပတဲ့ အမျိုးသမီးတယောက်ဖြစ်တယ်၊ လူတွေကို ကူညီတတ်တယ်၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းအားလုံးကိုယ်စား စိတ်ထိခိုက်ရတယ်လို့ ပြောထားကြောင်း သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up