အင်္ဂလန်နိုင်ငံ၊ ဘလက်ပူးလ်မြို့မှ စာသင်ကျောင်းတကျောင်းမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အင်တာနက်စာမျက်နှာပေါ်မှ အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ကလေးငယ် တထောင်ကျော် ဟာ တနင်္လာနေ့မှာ ကျောင်းမတက်ပဲ ပျက်ကွက်ခဲ့ကြပါ တယ်။
အမည်မသိတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက မောင်ဂိုမာရီအထက်တန်း ကျောင်းကို ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရုတ်တရက်ဝင်တိုက်ပြီး လူပေါင်းများစွာကိုသတ်ပစ်မယ်လို့ သတင်းဖြန့်လိုက်ခဲ့အပြီးမှာ ခုလိုဖြစ်လာခဲ့တာလို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီနေ့က ဒီသံသယပြေပျောက်နိုင်ဖို့ ကျောင်းအနီးဝန်းကျင်မှာ ရဲတွေက ကင်းချ ပတ္တရောင်လှည့်ခဲ့ပေမယ့် ကျောင်းရဲ့ စုစုပေါင်း ကျောင်းသားဦးရေ ၁၃၇၅ ယောက်မှာ ၃၆၀ သာ တက်ရောက်ခဲ့ကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိအမျိုးသမီးက ပြောပါ တယ်။
ဒါဟာ အမေရိကန်အထက်တန်းကျောင်းတွေမှာ မြင့်မားလာနေတဲ့ အနိုင်ကျင့် တိုက်ခိုက်မှုတွေအတွက် လက်စားချေဖို့ အစီအစဉ်ချတိုက်ခိုက်မှုဖြစ်တယ်လို့ အဲဒီအ မည်မသိ ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ဆက်တိုက်သတင်းလွှင့်တင်ခဲ့တာပါ။
အဲဒီမူရင်းသတင်းလွှင့်တင်မှုအောက်မှာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက “ဒါဟာ ပြက်လုံးတခုလို့ မင်းထင်သလား။ ကျည်ဆန်တွေ၊ လူသေအလောင်းတွေ၊ သွေးတွေကို မင်းမြင်ရလိမ့်မယ်”လို့ မှတ်ချက်ရေးခဲ့ပါတယ်။
ကျောင်းအုပ်ကြီး တိုနီနီကိုလ်ဆင်က ကျောင်းအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ ဖိအားတွေနဲ့ အားငယ်စိတ်ပျက်နေကြမယ့် ကျောင်းသားတွေကို နှစ်သိမ့်ဆွေးနွေးပေး တာတွေပြုလုပ်သွားမယ်လို့ ပြောပါတယ်။
7 years Ago