ဗြိတိန်တွင် ကုန်တင်ကား ၀င်တိုက်သဖြင့် တံတားကြီး ကျိုးကျ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 28, 2016

ဗြိတိန်တွင် ကုန်တင်ကား ၀င်တိုက်သဖြင့် တံတားကြီး ကျိုးကျ (ရုပ်သံ)

ဗြိတိန်နိုင်ငံ ကန့်စီရင်စု လော်ရီကားတစီးက လူသွား တံတားကို တိုက်မိလို့ ပြိုကျခဲ့ပြီး အမ် ၂၀ ကားလမ်းကို သြဂုတ် ၂၈ ရက်အထိ ပိတ်ထားရမှာ ဖြစ်ပါတယ်။ လော်ရီကားက တိုက်ခဲ့တဲ့နောက် အနီးမှာ လိုက်ပါလာတဲ့ ကားပေါ်ကိုလည်း ပြိုကျတဲ့ တံတားက ပိသွားခဲ့ပါတယ်။ ဒီအတွက် နောက်ကားမောင်းလာတဲ့ ကားဆရာ ထိတ်လန့်သွားလို့ ကုသပေးနေရပါတယ်။ ဒါအပြင် နောက်က လိုက်စီးလာတဲ့ အသက် ၅၀ အရွယ် မော်တော်ဆိုင်ကယ်သမားလည်း နံရိုးကျိုးသွားပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက်အန္တရာယ်တော့ မရှိဘူးလို့လည်း သတင်းတွေမှာ ရေးပါတယ်။ လော်ရီကားရဲ့ထွေလာက တံတားကို ၀င်တိုက်ခဲ့ပြီး အပျက်အစီးတွေကလမ်းပေါ်မှာ ကျလာတဲ့ ဖြစ်ရပ်ကိုလည်း ရုပ်သံ မှတ်တမ်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ တံတား တ၀က်က လုံးဝ ပျက်စီးသွားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အမ် ၂၀ လမ်းဟာ ဒိုဗာနဲ့ချာနယ် တာနယ်အတွက် အဓိကကျတဲ့ လမ်းမလည်း ဖြစ်ပါတယ်။  
5 years Ago
Up