ဗြိတိန်တွင်

December 11, 2017

ဗြိတိန်တွင် နှင်းအကြီးအကျယ်ကျ၍ လေကြောင်း၊ ရထား ခရီးစဉ်များ ဖျက်သိမ်း

ဗြိတိန်နိုင်ငံမှာ မနေ့က နှင်းတွေ အကြီးအကျယ်ကျခဲ့လို့ လေကြောင်းခရီးစဉ်တွေ၊ ရထား ခရီးစဉ်တွေနဲ့ ရပ်ဘီဘောလုံး ပြိုင်ပွဲကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။ အင်္ဂလန်နယ် အလယ်ပိုင်း တလွှားမှာ မိုးလေဝသဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားတယ်။ ခရီးသည်တွေအနေနဲ့ ကားလမ်း၊ ရထားလမ်းနဲ့ လေကြောင်းလမ်း ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံရနိုင်တယ်၊ ယာဉ်ကြောတွေ သောင်တင်နေတာနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေ ဖျက်သိမ်းတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့ ဗြိတိန် မိုးလေဝသ ဌာနက ပြောပါတယ်။ ဝေလပြည်နယ်မှာ နှင်းက ၂၈ စင်တီမီတာထိ ကျဆင်းခဲ့တာပါ။ လန်ဒန်မြို့တော် အပြင်ဘက်မှာတော့ နှင်းထု ၁၂ စင်တီမီတာထိ ကျဆင်းခဲ့ပါတယ်။ အင်္ဂလန်နယ် အလယ်ပိုင်းမှာ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး ရထားလိုင်းပေါင်း ဆယ်လိုင်းကျော် နှောင့်နှေးခဲ့ပါတယ်။
3 years Ago

November 18, 2017

ဗြိတိန်တွင် လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီး လေထဲတိုက်မိပျက်ကျ

ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်ရှိုင်းယားဒေသမှာ နိုဝင်ဘာ ၁၇ ရက်နေ့က လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီးတို့ လေထဲ တိုက်မိပျက်ကျခဲ့ပါတယ်။ လန်ဒန်မြို့တော် အနောက်မြောက်ဘက် ၄၅ မိုင်အကွာက ဝက်ဒဲ့စ်ဒွန်ရွာနားမှာ မတော်တဆ ဖြစ်တာလို့ ဘီဘီစီ သတင်းဌာနက အစီရင်ခံပါတယ်။ လေယာဉ်တစီးနဲ့ ရဟတ်ယာဉ် တစီး လေထဲမှာ တိုက်မိမှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တဖွဲ့ လွှတ်ထားတယ်လို့ လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအုပ်စုက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ သိမ်းစ်ဗေလီ ဒေသန္တရ ရဲတွေက မီးသတ်နဲ့ လူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းဟာ မတော်တဆ ဖြစ်ရာနေရာမှာ ရောက်နေပြီး အသက်ကယ်ဖို့က ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လေယာဉ်နဲ့ ရဟတ်ယာဉ်တိုက်မိမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေနေတော့ မသိရသေးပါဘူး။
3 years Ago
Up