ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်းတွင် ပါဝင်ရန် မသေချာ

January 3, 2018

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး သြစတြေးလျအိုးပင်းတွင် ပါဝင်ရန် မသေချာ

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ တင်ပါးဒဏ်ရာကြောင့် သြစတြေးလျအိုးပင်းမှာ ပါဝင်ဖို့ မသေချာပဲ ဖြစ်နေပါတယ်။ အသက် ၃၀ ရှိ ကမ္ဘာ့နံပါတစ် တင်းနစ်သမားဟောင်း မာရေးဟာ သြစတြေးလျအိုးပင်း အကြိုပြိုင်ပွဲဖြစ်တဲ့ Brisbane International တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်ထားပေမယ့် ပေါင်ဒဏ်ရာ သက်သာလာခြင်း မရှိတာကြောင့် နုတ်ထွက်လိုက်ရပါတယ်။ ဒီလို နုတ်ထွက်လိုက်ရတဲ့အပေါ် စိတ်ပျက်မိပြီး ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ မာရေးက ဆိုပါတယ်။ မာရေးအနေနဲ့ ဇန်နဝါရီ ၁၅ ရက်မှာ စတင်တော့မယ့် သြစတြေးလျအိုးပင်းမှာလည်း ပါဝင်ဖို့ မသေချာတဲ့ အခြေအနေဖြစ်ပြီး ပြန်လည်ပါဝင်မယ်ဆိုရင်လည်း အကောင်းဆုံး လက်စွမ်းရဖို့ ရုန်းကန်ရနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ၁၆ ရှိ အန်ဒီမာရေးဟာ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ဝင်ဘယ်ဒန်အိုးပင်း ပြိုင်ပွဲမှာ တင်ပါးဒဏ်ရာ ရပြီးနောက်ပိုင်း ဂရင်းဆလမ်းပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ပါတယ်။
4 years Ago
Up