ဗြိတိန်တက္ကသိုလ်

March 7, 2019

သံသယဖြစ်ဖွယ် အထုပ်များကြောင့် ဗြိတိန်တက္ကသိုလ် ၂ ခုမှ လူများကို ဘေးကင်းရာရွှေ့

သံသယဖြစ်စရာကောင်းတဲ့ အထုပ်တွေ အပို့ခံခဲ့ရတာကြောင့် တက္ကသိုလ်နှစ်ခုက လူတွေကို ဗြိတိန်ရဲတွေက ဘေးကင်းရာ ရွှေ့ခဲ့ပါတယ်။ ဗြိတိန်လေဆိပ် နှစ်ခုနဲ့ လန်ဒန်ရဲ့ လူအစည်ဆုံး ရထားဘူတာတွေကို ပါဆယ်ဗုံး အပို့ခံရအပြီး နောက်နေ့ မတ်လ ၆ ရက်မှာ ခုလို ဖြစ်တာပါ။ စကော့တလန်ရဲတွေက ဂလပ်စဂေါ တက္ကသိုလ်ဆီ ပို့ခံရတဲ့ အထုပ်တခုကို ဗုဒ္ဓဟူးနေ့က ထိန်းချုပ်ဖောက်ခွဲခဲ့တယ်လို့ ပြောပါတယ်။ ပါဆယ်ဗုံး အသေး ၃ လုံးကို ဘယ်သူပို့လဲဆိုတာ ဖော်ထုတ်ဖို့ လန်ဒန်ရဲတွေနဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့လည်း သူတို့က ပြောပါတယ်။ အက်ဆဲ့က်စ် တက္ကသိုလ်ဆီ သံသယဖြစ်စရာ အထုပ်တခု ပို့ခံရအပြီး ဗုံးရှင်းလင်းရေး အဖွဲ့ကို ခေါ်ခဲ့တယ်လို့ အရှေ့လန်ဒန် ရဲအရာရှိတွေက ပြောပါတယ်။ အဲဒီနောက် အဆောက်အဦတချို့က လူတွေကို ဖယ်ထုတ်ခဲ့ပြီး အဲဒီနေရာကို ပိတ်ဆို့ ကာရံခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆောက်အဦတွေနဲ့ ပရိဝုဏ်ကို ပြန်ဖွင့်ပေးခဲ့တယ်လို့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဆီ အီးမေးလ်ပို့ခဲ့သလို တွစ်တာ လူမှုကွန်ရက်ကနေလည်း ကြေညာခဲ့ပါတယ်။
2 years Ago
Up