ဖြိုးမြတ်အောင်

August 20, 2018

Myanmar Idol ဆုရှင် ဖြိုးမြတ်အောင် ဆုကြေးငွေများဖြင့် ပရဟိတအလှူလုပ်မည် (ရုပ်သံ)

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်အနေနဲ့ သူရရှိတဲ့ ဆုကြေးငွေနဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်း ဘုရားထီး တင်တာအပြင် ပရဟိတအလုပ်တွေ လုပ်ဆောင်သွားဖို့ရှိနေသလို အနုပညာအလုပ်တွေလည်း ဆက်လုပ်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ဘယ်သွားလှူမယ်ဆိုတာတော့ ကျနော်အတိအကျပြောလို့ မရသေးဘူးပေါ့နော်။ နောက်တခုက ကျနော် ဒီအနုပညာအလုပ်တွေလည်း ဆက်လုပ်ဖို့ ရှိသေးတယ်ဆိုတော့ အနုပညာအလုပ်တွေလည်းလုပ်မယ်။ ဒီကြားထဲက ကျနော်ရတဲ့ ပိုက်ဆံလေးကို ကျနော်ကိုယ်တိုင် ဦးစီးပြီးသွားမလှူနိုင်တောင်မှ ကျနော်ညီရှိမယ်၊ ကျနော့်ရဲ့ Admin တွေရှိမယ်။ ကျနော့် Admin ကိုထက်ဝေဖြိုးတို့ အပေါင်းအသင်းတွေက တဆင့် လှူပေးဖို့တော့များပါတယ်။ ” ဟင်္သာတနယ်သား ဖြိုးမြတ်အောင်ဟာ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့  Myanmar Season 3 သီချင်းဆိုပြိုင်ပွဲမှာ Winnerတစ်ဦးအဖြစ် ဆုကြေးငွေ ကျပ်သိန်း ၅၀၀နဲ့ တခြားဆုကြေးငွေတွေ ရရှိခဲ့တာပါ။
3 years Ago

June 21, 2018

မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဖြိုးမြတ်အောင် သီဆိုသည့် ‘ငါတို့ရဲ့ General’ သီချင်း (ရုပ်သံ)

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးဆန်ကာတင် ၁၁ ဦးထဲက ပရိသတ်ပေးတဲ့ မဲအများဆုံး ရရှိထားတဲ့ ဖြိုးမြတ်အောင် (ခေါ်) အဂ္ဂနီ သီဆိုထားတဲ့ ‘ငါတို့ရဲ့ General’ သီချင်းဟာ အွန်လိုင်းမှာ လူကြိုက်များနေပါတယ်။ “အစိမ်းရောင်ကုတ်တထည်တည်းကို ဝတ်ခဲ့တယ်၊ ပဲပြုတ်နံပြားက သူ့အတွက် အကောင်းဆုံးမနက်စာတဲ့၊ ခုံဖိနပ်ကိုစီးကာ တက္ကသိုလ်တက်ခဲ့တယ်၊ အသက်နဲ့ ဘဝကို ပေးဆပ်ရဲခဲ့တယ်၊ ငါတို့ရဲ့ General” အစရှိတဲ့ စာသားတွေ ပါဝင်တဲ့ ဒီသီချင်းကို တေးရေး ယူဇော်က ရေးသားပြီး Doron အဖွဲ့က တီးခတ်ထားတာ ဖြစ်ပါတယ်။ ဟင်္သာတမြို့သား ဖြိုးမြတ်အောင်ဟာ အခုနှစ် Season 3 မြန်မာအိုင်ဒေါပြိုင်ပွဲကို ပုသိမ်မြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ‘ငါတို့ရဲ့ General’ သီချင်းနဲ့ပဲ ဂီတာတီးကာ သီဆိုပြခဲ့ရာမှာ အကဲဖြတ်ဒိုင်တွေရဲ့ အကြိုက်တွေ့ပြီး Golden Ticket ရရှိခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ - Aksi Pi
3 years Ago
Up