ဖြိုးကိုကိုတင့်ဆန်း

January 31, 2018

ဖြိုးကိုကိုတင့်ဆန်းလက်နက်အမှုအတွက် တရားလိုပြသက်သေများကို စစ်ဆေး

  လက်နက်နဲ့မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်းကို တရားစွဲထားတဲ့ ပြစ်မှုတွေထဲက လက်နက်အမှုက တရားလိုသက်သေ ၂ ဦးကို ဒီကနေ့ ဇန်န၀ါရီ ၃၁ ရက်က နေပြည်တော်မှာ တရားရုံးထုတ်စစ်ဆေးပါတယ်။ ဒက္ခိဏခရိုင်တရားရုံး ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက  “နောက်တစ်ပတ်ကြတော့ ၇ ရက်နေ့ကို ချိန်းထားတယ်။ ဒီကနေ့ကတော့ လက်နက်မှု ၂ မှု အတွက် လိုပြသက်သေတွေကို အပြန်အလှန်စစ်ဆေးတာပေါ့။ လက်နက်အမှု ၁၉ (စ)၊ ၁၉ (က)ရယ်တွေကို စစ်တာပေါ့”လို့ ပြောပါတယ်။ ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်တာဖြစ်ပြီး လာမယ့် ၇ ကြိမ်မြောက်ရုံး ထုတ်မှာတော့ သွင်းကုန်ပို့ကုန်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မနဲ့ နိုင်ငံအထိမ်းအမှတ် တံဆိပ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာတွေအတွက်  လိုပြသက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ ဖြိုးကိုကိုတင့်ဆန်း အပါအ၀င် ၈ ဦးဟာ ပြစ်မှုပုဒ်မ ၁၀ မှုအထိ တရားစွဲဆို ခံထားရတာဖြစ်ပြီး စွဲဆိုခံထားရတဲ့ ပြစ်မှုအားလုံးမှာဖြိုးကိုကို တင့်ဆန်းပါဝင်နေတာ ဖြစ်ပါတယ်။
3 years Ago
Up