အစ္စရေးစစ်တပ် အရံအတားတွေအနား ဂျေရုဆလင်မြို့စွန်က အဆောက်အဦတွေကို အစ္စရေး မြေတူးစက်ကြီးတွေက ဇူလိုင် ၂၂ ရက်မှာ စတင်ဖြိုချနေပါတယ်။
နိုင်ငံတကာက ဝေဖန်ပြစ်တင်နေပြီး ပါလက်စတိုင်းတွေ ဆန္ဒပြနေချိန်မှာ အခုလိုလုပ်လိုက်တာပါ။
အရှေ့ဂျေရုဆလင်ရဲ့ အစွန်အဖျားက ပါလက်စတိုင်းရွာ ဆာဘဟာထဲကို ရာနဲ့ချီတဲ့ အစ္စရေးစစ်သားတွေ၊ ရဲတွေ ခြံရံပြီး မြေတူး မြေကော်စက်တွေ ဝင်လာခဲ့ပါတယ်။
ဒီနယ်မြေကို ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အစ္စရေးက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
ခြံစည်းရိုးနားက အဆောက်အဦတွေ အိမ်တွေကို ပြားပြားဝပ်ဖြိုချတဲ့ လုပ်ရပ်ဟာ အရံအတားတလျှောက် တခြားမြို့တွေအတွက် စံနမူနာ ဖြစ်သွားမှာကို ပါလက်စတိုင်းတွေက စိုးရိမ်နေပါတယ်။
လျာထားလမ်းကြောင်းဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းပါး ဒေသတလျှောက် ကီလိုမီတာရာချီ ရှည်လျားပါတယ်။
အစ္စရေး အယောက်ငါးသိန်းကျော်နဲ့ ပါလက်စတိုင်း အယောက်သုံးသိန်း နေထိုင်ရာ ဂျေရုဆလင်ဟာ ဂျူး၊ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေအတွက် မြင့်မြတ်တဲ့နေရာ ဖြစ်ပါတယ်။
အဆောက်အဦတွေဟာ ဆောက်လုပ်ရေး ပိတ်ပင်ချက်ကို ချိုးဖောက်ထားတယ်လို့ အစ္စရေး တရားရုံးချုပ်က ဇွန်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။
2 years Ago