ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်ဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရိယောင်ဟိုနဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံဆွေးနွေး ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်နဲ့အဖွဲ့ မြောက်ကိုရီးယား အရာရှိတွေနဲ့အတူ မန်ဆူဒေ ညီလာခံခန်းမအတွင်း အစည်းအဝေး လုပ်နေတဲ့ ရုပ်သံကို မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ထုတ်လွှင့်ပြသခဲ့ပါတယ်။
“ဝန်ကြီးတွေဟာ အပြန်အလှန် စိုးရိမ်မှုရှိတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ရေးရာတွေကို ဆွေးနွေးခဲ့တယ်။ အမြင်တွေအပေါ်လည်း သဘောတူခဲ့ကြတယ်”လို့ ကေစီအန်အေ က ပြောပါတယ်။
ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ပြုံယမ်းကို ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်နဲ့ အင်္ဂါနေ့က ရောက်လာတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းနဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဗီယက်နမ် မြို့တော်ဟနွိုင်းမှာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
4 years Ago