ပြုံချန်းအိုလံပစ်

February 22, 2018

ပြုံချန်းအိုလံပစ်ပြိုင်ပွဲတွင် နော်ဝေနိုင်ငံက ရွှေတံဆိပ်အများဆုံးဖြင့် ဦးဆောင်နေ

တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ နော်ဝေနိုင်ငံက ရွှေတံဆိပ်အများဆုံးနဲ့ ဦးဆောင်နေပါတယ်။ နော်ဝေနိုင်ငံအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ပြီးချိန်အထိ ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ၉ ခု ရယူထားပါတယ်။ ရွှေတံဆိပ်ဆုတွေကို Cross Country Skiing၊ Jumping Skiing၊ Speed Skiing၊ Freestyle Skiing၊ Biathlon စတဲ့ အားကစားနည်းတွေကနေ ရွှေတံဆိပ်တွေ ရယူနိုင်ခဲ့တာပါ။ နိုင်ငံအလိုက်ရပ်တည်မှု အဆင့် ၂ နေရာမှာ ဂျာမနီနိုင်ငံက ရွှေ ၁၂ ခု၊ ငွေ ၇၊ ကြေး ၅ ခုနဲ့ ကပ်လိုက်နေပြီး ရွှေတံဆိပ် ၉ ခု ရထားတဲ့ ကနေဒါက အဆင့် ၃ နဲ့ အဲဒီနောက်မှာ နယ်သာလန်၊ အမေရိကန်၊ ပြင်သစ်၊ သြစတြီးယား၊ ဆွီဒင်နိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။ အိမ်ရှင် တောင်ကိုရီးယားနိုင်ငံကတော့ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၉ မှာ ရပ်နေပါတယ်။ အခုပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံက ကစားသမား ၃ ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဆောင်းရာသီ အားကစားနည်း ၁၅ မျိုး ထည့်သွင်းကျင်းပနေတာပါ။ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်အထိ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။
3 years Ago

February 19, 2018

ပြုံချန်းအိုလံပစ်ပြိုင်ပွဲ ဆုရရှိမှုတွင် ဂျာမနီ ထိပ်ဆုံးမှရပ်တည်နေ

တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်ရရှိမှု နောက်ဆုံးအခြေအနေအရ ဂျာမနီနိုင်ငံက ရွှေ ၉ ဆု၊ ငွေ ၄ ဆု၊ ကြေး ၄ ဆုနဲ့ နိုင်ငံအလိုက် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဂျာမနီနိုင်ငံရဲ့နောက်မှာတော့ နော်ဝေနိုင်ငံက ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၈ ဆု၊ ကြေးတံဆိပ် ၇ ဆုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ နယ်သာလန်နိုင်ငံကတော့ ရွှေတံဆိပ် ၆ ဆုနဲ့ တတိယနေရာ၊ ကနေဒါနဲ့ အမေရိကန်တို့က ရွှေတံဆိပ် ၅ ဆုစီနဲ့ အဆင့် ၄ နဲ့ ၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ အိမ်ရှင် တောင်ကိုရီးယားကတော့ ရွှေတံဆိပ် ၃ ဆုသာ ရရှိထားပြီး နာမည်ကြီး ဂရိတ်ဗြိတိန်ဟာလည်း ရွှေတံဆိပ် ၁ ဆုသာ ရရှိထားတဲ့အတွက်ကြောင့် အဆင့် ၁၆ နေရာမှာပဲ ရှိနေခဲ့ပါတယ်။ အခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိနေတာလည်း တွေ့ရပါတယ်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၉၂ နိုင်ငံက ကစားသမား ၂၉၂၀ ဟာ ကစားနည်း ၁၅ မျိုးက ပြိုင်ပွဲအမျိုးအစား ၁၀၂ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်နေခဲ့ပါတယ်။
3 years Ago
More News
Up