ပြုံချမ်းအိုလံပစ်ပြိုင်ပွဲ တက်ရောက်လိုဟု ဂျပန်ဝန်ကြီးချုပ် ပြော

January 25, 2018

ပြုံချမ်းအိုလံပစ်ပြိုင်ပွဲ တက်ရောက်လိုဟု ဂျပန်ဝန်ကြီးချုပ် ပြော

လာမယ့်လမှာကျင်းပမယ့် ပြုံချမ်း အိုလံပစ်ပြိုင်ပွဲကို တက်ရောက်ချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ “အခြေအနေပေးရင် ပြုံချမ်း အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ကျေနာ် တက်ချင်ပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း ဒီမှာ တိုကျို အိုလံပစ်အားကစားပွဲတော် ကျင်းပဖို့ရှိနေပါတယ်။ အာရှမှာပဲ ကျင်းပသွားဖို့ရှိနေတဲ့ ပြုံချမ်း အိုလံပစ် အားကစားပွဲတော်ကို တက်ရောက်ပြီး အားကစားသမားတွေကို ကျေနာ် ဂုဏ်ပြုချင်ပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ ဆက်လက်ပြီး သူက “မြောက်ကိုးရီးယားကို ပြင်းထန်တဲ့ဖိအားပေးရေး ကိစ္စအတွက် ဂျပန်-တောင်ကိုးရီးယား-အမေရိကန် ဆက်ဆံရေး အရေးကြီးနေချိန်မှာ စစ်အတွင်း လိင်ကျွန်အပြုခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်ဖြေရှင်းနိုင်မယ့် ရပ်တည်ချက်မျိုးကို ကျနော်တို့ အလိုရှိပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up