ပြုံချန်း

February 27, 2018

ပြုံချန်း ဆောင်းရာသီ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယား ပါဝင်ရေး ဆွေးနွေးမည်

ပြုံချန်း ဆောင်းရာသီ မသန်စွမ်းအားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား အားကစားသမားတွေ ပါဝင်ရေး အလုပ်သဘောအဆင့်ဆွေးနွေးဖို့ တောင်ကိုရီးယား  ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာနက အရာရှိတွေ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆိုးလ်မြို့ကနေ ထွက်ခွာသွားပါတယ်။ ဆွေးနွေးပွဲကို တောင်၊ မြောက် ကိုရီးယားနယ်စပ်က အပစ်ရပ်ထားတဲ့ ပန်မွန်ဂျုံရွာရဲ့ မြောက်ကိုရီးယားဘက်ခြမ်းမှာ ကျင်းပမှာပါ။ မတ်လ ၉ ရက်နေ့မှာ ကျင်းပမယ့် မသန်စွမ်း အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား စကိတ်စီးအားကစားပြိုင်ပွဲဝင် နှစ်ဦးကို ဖိတ်ခေါ်ထားတယ်လို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်ေးဆာင် လီဂျိုတဲက ပြောပါတယ်။ အခုလိုဆွေးနွေးတာနဲ့ အားကစားပြိုင်ပွဲတွေမှာ မြောက်ကိုရီးယား ပါဝင်တာဟာ ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးကို တိုးတက်လာအောင် ထိန်းထားနိုင်ရေး အထောက်အကူဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
4 years Ago
Up