ပြိုင်ဘက်ကစားသမားကို ထိုးကြိတ်ခဲ့တဲ့ အကြမ်းဖက် အပြုအမူကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်း အလယ်တန်းလူ ဒဲလီအလီကို ရာသီလက်ကျန်ပွဲ ကစားခွင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပိတ်ပင်လိုက်ပါတယ်။
ဧပြီ ၂၅ ရက်က ကစားခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ သရေကျတဲ့ပွဲမှာ အလီက ကလော်ဒီယို ယာကော့ကို ထိုးကြိတ်ခဲ့တာ ရုပ်သံဖိုင်မှာ မှတ်တမ်းတင်ထားပါတယ်။
အလီကတော့ ၃ ပွဲပယ်ပြစ်ဒဏ်ဟာ များလွန်းတယ်လို့ ပြောပေမယ့် ဘောလုံးအဖွဲ့ချုပ်ကတော့ ကာကွယ် ပြောဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့ အလီဟာ ကျွမ်းကျင်ဘောလုံးကစားသမားအသင်းရဲ့ တနှစ်တာ လူငယ်ကစားသမား စာရင်းဝင်ထားသူလည်း ဖြစ်ပါတယ်။
5 years Ago