ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲ ၆ ခုရဲ့ ပွဲဦးထွက်ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဘေဆယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာ သူ့အတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာ အနိုင်ဂိုးတဂိုး သွင်းယူခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ လိဂ်ဖလားရှုံးထွက်ပြိုင်ပွဲတွေရဲ့ ပွဲဦးထွက်ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ယူ-၂၁ အသင်းတွေရဲ့ ပွဲဦးထွက်ကစားရတဲ့ ပွဲစဉ်တွေမှာလည်း ဂိုးတွေသွင်းယူနိုင်ခဲ့လို့ အခုလို ပြိုင်ပွဲ ၆ ခုရဲ့ ပွဲဦးထွက်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
အသက် ၁၉ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၂ ဂိုးသွင်းပြီး ခြေစွမ်းပြနေပါတယ်။
4 years Ago