မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ယူ ၂၃ ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၉ ရက် နေ့လယ် ၁ နာရီက နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲအတွက် ALPINE ကုမ္ပဏီက ကျပ်သိန်း ၂၀၀၀ နဲ့ အဓိကစပွန်ဆာအဖြစ်ကူညီပံ့ပိုးတာကြောင့် ALPINE Cup 2018 အမည်နဲ့ မန္တလေးမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
Alpine Cup ယူ ၂၃ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
ဒီပွဲမှာ အိမ်ရှင် မြန်မာ ယူ-၂၃ အသင်း၊ ဘာရိန်း ယူ-၂၃ အသင်း၊ ထိုင်း ယူ-၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ယူ ၂၃ ဖိတ်ခေါ်ပွဲမှာ ချန်ပီယံဆုဖလားရတဲ့အသင်းကို အမေရိကန်ဒေါ်လာ ၁ သောင်းနဲ့ ဒုတိယရတဲ့အသင်းကို ကန်ဒေါ်လာ ၅ ထောင်ချီးမြှင့်မှာ ဖြစ်ပြီး တပွဲချင်းစီအလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်မယ်လို့သိရပါတယ်။
ဒီပြိုင်ပွဲဟာ လာမယ့် ဇူလိုင်လအတွင်းမှာ အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် မြန်မာယူ ၂၃ အသင်းအတွက် ပွဲအတွေ့အကြုံရှိစေဖို့ ယှဉ်ပြိုင်ကစားတာလို့ သိရပါတယ်။
5 years Ago