ပြိုင်ကားမောင်းပြိုင်ပွဲလမ်းမပေါ်မှ သေကံမရောက်ခဲ့သည့် ခွေးကလေး (ရုပ်သံ)

A d v e r t i s e m e n t With Us

September 4, 2016

ပြိုင်ကားမောင်းပြိုင်ပွဲလမ်းမပေါ်မှ သေကံမရောက်ခဲ့သည့် ခွေးကလေး (ရုပ်သံ)

ဒါဟာ ရုပ်ရှင်တွေထဲကလို စွန့်စားခန်းဆန်ဆန် စတန့်ပြကွက်တခုလိုပါပဲ။ ခွေးကလေးတကောင်ဟာ ဘိုလီးဗီးယားနိုင်ငံ၊ ဆန်တာခရုဇ်ဒေသမှ တောတွင်း တနေရာမှာ ရှိနေခဲ့တာပါ။ သူဟာ တောင်ကုန်းပေါ်ကနေ ဆင်းလာခဲ့ပြီး လမ်းမတလျှောက်ပြေးနေခဲ့ချိန်မှာ အဲဒီလမ်းဟာ ပြိုင်ကားမောင်းပြိုင်ပွဲကျင်းပရာ လမ်းတနေရာဖြစ်နေခဲ့တာပါ။ အဲဒီအချိန်မှာ အဆိုပါလမ်းမဟာ ၂၀၁၆ ခုနှစ် ကိုဒဆာရယ်လီပြိုင်ကားမောင်းပြိုင်ပွဲ ကျင်းပနေချိန်ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးရက်ဒ်ကော့ဒ်သတင်းမှာ ဖော်ပြပါ တယ်။ ဒါပေမယ့် ခွေးကလေးကတော့ သတိမထားမိနိုင်ပဲ လမ်းမအလယ်ကနေ ပြေးနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီအချိန်မှာပဲ ခွေးကလေးနောက်ကနေ ပြိုင်ကားတစီးဟာ ကြောက်မက်ဖွယ် အရှိန်နဲ့ ရုတ်တရက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ကားဟာ ခွေးကလေးရဲ့အပေါ် လေထုထဲကနေ သီသီလေးပဲကပ်ပြီး ဖြတ်ကျော်တက်သွားခဲ့တာကို အသည်းယားစဖွယ်တွေ့မြင်ရပါတယ်။ ဥရုဂွေးနိုင်ငံသား ပြိုင်ကားမောင်းသမား ဖာနန်ဒို ဇူးစ်နဘားဟာ ခွေးကလေးကို မြင်ခဲ့ပြီး အရှိန်နဲ့ လေထဲကို ဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့လေသလားဆိုတာ စဉ်းစားစရာပါပဲ။ ခုချိန်မှာတော့ ခွေးကလေးဟာ သေကံမရောက်ခဲ့တဲ့ ကံအကောင်းဆုံး ခွေးက လေးတကောင်ဖြစ်နေခဲ့ပါပြီ။
5 years Ago
Up