ပြိုကျအဆောက်အအုံ

July 19, 2018

အိန္ဒိယ ပြိုကျအဆောက်အုံထဲမှ မွေးစကလေးအပါအဝင် မိသားစု ၄ ဦးကို ကယ်ထုတ်နိုင်

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာ ပရာဒေ့ရှ်ပြည်နယ် အထက်ပိုင်း နွိုင်ဒါမြို့မှာ ဇူလိုင် ၁၇ ရက်တုန်းက ပြိုကျခဲ့တဲ့ အဆောက်အအုံထဲကနေ မွေးကင်းစကလေး ပါဝင်တဲ့ မိသားစုလေးဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NDTV သတင်းမှာ ဖော်ပြပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ဆောက်ပြီးစ အဆောက်အအုံဖြစ်ပြီး အနီးက ဆောက်လက်စ အဆောက်အအုံပေါ် ပြိုခဲ့တာပါ။ အပျက်အစီးတွေထဲကနေ အမျိုးသမီးနဲ့ ကလေးတဦးရဲ့ အလောင်းအပါအဝင် အလောင်း ၇ လောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာတွေ့ထားပြီးပါပြီ။ ပြိုကျခဲ့တဲ့ လေးထပ်အဆောက်အအုံမှာ အိမ်ထောင်စု ၁၈ စုနေထိုင်ပြီး ဆောက်လက်စ အဆောက်အအုံရဲ့ မြေညီထပ်မှာတော့ နောက်ထပ်ဆောက်လုပ်ရေး စီမံကိန်းတခုမှာ လုပ်နေတဲ့ အလုပ်သမားတွေ နေကြတယ်လို့ သတင်းက ဆိုပါတယ်။ အပျက်အစီးတွေကြားထဲမှာ လူ ၁၅ ဦးနီးပါး ပိတ်မိနေဦးမယ်လို့ အာဏာပိုင်က ယူဆထားပါတယ်။ အိန္ဒိယအမျိုးသား သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးတပ်ဖွဲ့ဝင် ၄၀၀၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ တို့ ကယ်ဆယ်ရေးလုပ်နေဆဲပါ။ အပျက်အစီးတွေကို ၀န်ချီစက်တွေသုံးပြီး ရှင်းလင်းနေချိန်မှာပဲ အထဲမှာ ပိတ်မိနေသူတွေကို အနံ့ခံခွေးတွေ၊ အာရုံခံစက်တွေနဲ့ ကင်မရာတွေသုံးပြီး ရှာဖွေနေကြပါတယ်။
3 years Ago
Up