ပြိုကျပျက်စီးခဲ့သည့်

April 21, 2019

ပြိုကျပျက်စီးခဲ့သည့် မိုင်းတုံဆည် ပြုပြင်နေမှု ရှမ်းပြည်နယ်အစိုးရ စစ်ဆေး

မနှစ်က မိုးရာသီမှာ ပြိုကျပျက်စီးခဲ့တဲ့ မိုင်းတုံမြို့က ကိုယ့်အားကိုယ်ကိုးဆည် ပြန်လည်ထိန်းသိန်း ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဧပြီ ၂၀ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ရှမ်းပြည်​နယ်​ အစိုးရအဖွဲ့က စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်​ကြီး ဦးစိုးညွန့်​လွင်၊ လျှပ်​စစ်​စွမ်းအင်​နှင့် စက်​မှူဝန်​ကြီး ဦးစိုင်းရှဲန်​တစ်​လုံတို့ ကြည့်ရှုစစ်​​ဆေးခဲ့တာပါ။ အဲ့ဒီဆည်​ ပြုပြင်​ထိန်းသိမ်းဖို့ ​ရှမ်းပြည်​နယ်​အစိုးရက​ ငွေကျပ်​သိန်း ၇၁၇.၅ သိန်း ခွင့်ပြု​ပေးခဲ့ပြီး မိုင်းတုံမြို့​ ကိုယ့်​အားကိုယ်​ကိုး​ ရေအားလျှပ်​စစ်​​ကော်​မတီ၊ ဆည်​​မြောင်းဦးစီးဌာန အကူအညီနဲ့ ပုံစံထုတ်​အသစ်​တည်​​ဆောက်​ခဲ့တာ ဖြစ်​ပါတယ်။
3 years Ago
Up