ငြိမ်းစုစီပုဒ်​မဖြင့် တရားရင်​ဆိုင်​​နေရသည့် လူငယ်​ ၅ ဦး တတိယအကြိမ်​ ရုံးထုတ်

January 10, 2018

ငြိမ်းစုစီပုဒ်​မဖြင့် တရားရင်​ဆိုင်​​နေရသည့် လူငယ်​ ၅ ဦး တတိယအကြိမ်​ ရုံးထုတ်

  ကရင်​နီအမျိုးသားတိုးတက်​​ရေပါတီ KNPP ရဲ့ ​ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား​ ၁ ဦး ​သေဆုံးမှုအ​ပေါ် အမှုမှန်​​ပေါ်​ပေါက်​ဖို့ လွိုင်​​ကော်​မြို့မှာ​ ဆန္ဒပြ​​​တောင်းဆိုခဲ့တဲ့အတွက် လူငယ်​ ၅ ဦးဟာ ငြိမ်းစုစီပုဒ်​မ ၁၉ အရ တရားရင်​ဆိုင်​​နေရပြီး ဒီနေ့ မနက်​က  လွိုင်​​ကော်​မြို့နယ်​ တရားရုံးမှာ တတိယအကြိမ်​ ရုံးထုတ်​​စစ်​​ဆေး​ပါတယ်​။ ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ KNPP ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို ​ကယားပြည်​နယ်​ ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​(ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်က ဒီဇင်​ဘာလ ၂၀ ရက်​​နေ့မှာ သတ်​ဖြတ်​ခဲ့တယ်​လို့ သိရပါတယ်​။ ဒီကိစ္စအ​ပေါ် တပ်​မ​တော်​ရဲ့ လုပ်​ရပ်​ရှုတ်​ချ​ကြောင်း လူငယ်​ ၂၀ ​လောက်​က လွိုင်​​ကော်​မြို့မှာ ဆန္ဒပြခဲ့တဲ့အတွက်​ ဦး​ဆောင်​သူ လူငယ်​ ၅ ဦး ခုလို တရားစွဲခံရတာပါ။ အခုအကြိမ်​ လူငယ်​ ၅ ဦးကို ရုံးထုတ်​စစ်​​ဆေးချိန် ​တရားရုံး​ရှေ့မှာ လုံခြုံ​ရေး ပိုပြီးတိုးမြှင့် ချထားခဲ့ပါတယ်​။ ဒီအမှုကို တရားသူကြီးက အပြီးအမိန့်​မချမှန်​ခဲ့ဘဲ လာမယ့် ဇန်​နဝါရီလ ၁၂ ရက်​​နေ့တွင်​ ရုံးချိန်းပြန်​လည်​ ​ခေါ်ယူထားပါတယ်​။ ဗမာနိုင်​ငံလုံဆိုင်​ရာ ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်​၊ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ တိုင်ရင်းသားလူငယ်​များ မဟာမိတ်​ NEYA၊ ရခိုင်​ပြည်​ ​ကျောင်းသား သမဂ္ဂ၊ ကလလတလူငယ်​နဲ့ ကရင်​နီအင်​အားစု စတဲ့ အဖွဲ့ ၆ ဖွဲ့ က လူငယ်​ ၅ ဦးကို တရားစွဲတဲ့အ​ပေါ် ကန့်​ကွက်​ ရှုတ်​ချ​ကြောင်း ​ကြေညာချက်​ထုတ်​ပြန်​ထားပြီး မြန်​မာနိုင်​ငံ တဝန်းရှိ အရပ်​ဘက်​ ၁၆၃ ဖွဲ့က ဒီ​ကြေညာချက်​ ထုတ်​ပြန်​တဲ့အ​ပေါ် ဝန်းရံ​ထောက်​ခံထားတယ်​လို့ သိရပါတယ်​။ သတင်း - ခွန်းတူးတူး​လေး
4 years Ago
Up