ငြိမ်းချမ်း​ရေး ​လူထုနှီး​နှောဖလှယ်​ပွဲကို လွိုင်​​ကော်​တွင်​ ကျင်းပ

May 28, 2018

ငြိမ်းချမ်း​ရေး ​လူထုနှီး​နှောဖလှယ်​ပွဲကို လွိုင်​​ကော်​တွင်​ ကျင်းပ

  လူထုသ​ဘောထားကို အ​ခြေခံတဲ့ ငြိမ်းချမ်း​ရေး တည်​​ဆောက်​နိုင်​ဖို့အတွက်​ ငြိမ်းချမ်း​ရေး လူထုနှီး​နှောဖလှယ်​ပွဲကို ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့က ​ကေ့ထျိုးဘိုခန်းမ​ဆောင်​မှာ ​မေလ ၂၆ ရက်​ကစပြီး ၃ ရက်​ကြာပြုလုပ်​ခဲ့ပါတယ်​။ ဒီနှီး​နှောဖလှယ်​ပွဲမှာ လတ်​တ​လော မြန်​မာ့ငြိမ်းချမ်း​ရေးဖြစ်​စဉ်​နဲ့ အလားအလာ​​တွေကို သုံးသပ်​​ဆွေး​နွေးခဲ့ကြပြီး​တော့ တိုင်းရင်းသား​​လက်​နက်​ကိုင်​အဖွဲ့​တွေ၊ နိုင်​ငံ​ရေးပါတီ​တွေ၊ နိုင်​ငံ​ရေးအင်​အားစု​တွေ၊ လူငယ်​နဲ့ အမျိုးသမီးအဖွဲ့​​တွေက တင်​သွင်းတဲ့ ငြိမ်းချမ်း​ရေးဆိုင်​ရာ သ​ဘောထား စာတမ်း​ (၂၅) ​စောင်​ကို ဖတ်​ကြားခဲ့ပါတယ်​။ ယခုနှီး​နှောဖလှယ်​ပွဲက​နေ ငြိမ်းချမ်း​ရေးဆိုင်​ရာ အမြင်​သ​ဘောထား​တွေကိုလည်း စုစည်းထုတ်​ပြန်​ခဲ့ပါတယ်​။ နှီး​​နှောဖလှယ်​ပွဲကျင်းပ​ရေး​ကော်​မတီဝင်​ ခွန်းဘီထူးက "ဒီထုတ်​ပြန်​ကြညာချက်​ရဲ့ အနှစ်​ချုပ်​က ကျ​နော်​တို့ ​ရေရှည်​တည်​တန့်​နိုင်​မယ့်​ ငြိမ်းချမ်း​ရေးဖြစ်​နိုင်​ဖို့အတွက်​ဆိုရင်​ ဒီလို​ဆွေး​နွေးမှု​တွေကို လုပ်​ဖို့ လိုအပ်​တယ်​။ ဒီ​ဆွေး​နွေးမှု​တွေကို အစိုးရရယ်​၊ စစ်​တပ်​ရယ်​၊ လက်​နက်​ကိုင်​ အဖွဲ့အစည်း​တွေ နား​ထောင်​ဖို့ လိုအပ်​တယ်​" လို့ ​ပြောပါတယ်​။ ဒါ့အပြင်​ ဒီက​တင်​ပြလိုက်​တဲ့ အချက်​အလက်​​တွေ၊ လူထုရဲ့ ခံစားချက်​​တွေကို နား​ထောင်​ပြီးမှ ငြိမ်းချမ်း​ရေးကို အမှန်​တကယ်​ပဲ​ဆောက်​ရွက်​နိုင်​ဖို့နဲ့ ဒီလို​ဆွေး​နွေမှုမျိုးကို တနိုင်​ငံလုံးပြုလုပ်​ပြီး​တော့ အစိုးရက​နေပြီး လမ်း​ကြောင်းသစ်​တစ်​ခုရှာနိုင်​ဖို့ ဖြစ်​တယ်​လို့ ဆိုပါတယ်​။ နှီး​နှောဖလှယ်​ပွဲ ထုတ်​ပြန်​ချက်​ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်​ဆင်​​ရေး၊ အမျိုးသမီး၊ အရပ်​ဖက်​အဖွဲ့နဲ့ လူထုကိုယ်​တိုင်​ပါဝင်​တဲ့ ငြိမ်းချမ်း​ရေး​​ဖြစ်ေ​​ရး၊ အန်​စီ​အေတွင်​ လက်​မှတ်​မထိုး တဲ့ တိုင်းရင်းလက်​နက်​ကိုင်​အဖွဲ့​တွေ ငြိမ်းချမ်း​ရေး ဖြစ်​စဉ်​မှာ ပါဝင်​ခွင့်​ရ​ရေး၊ တပ်​မ​တော်​မှ တိုင်းရင်းသား​ဒေသ​တွေမှာ ထိုးစစ်​ဆင်​မှုရပ်​တန့်​​ဖို့နဲ့ တပ်​မ​တော်​က တပြည်​လုံး အပစ်​အခတ်​ရပ်​​စဲ​ကြောင်း ​ကြေညာဖို့စတာ​တွေ ပါဝင်​ပါတယ်​။ ဒီပွဲမှာ ကရင်​နီပြည်​နဲ့ ကယန်း​ဒေသက လူထု​တွေ၊ အရပ်​ဖက်​အဖွဲ့​တွေ၊ နိုင်​ငံ​ရေး ပါတီ​တွေ၊ နိုင်​ငံ​ရေးအင်​အားစု​တွေနဲ့ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့​​တွေက လူဦး​ရေ ၃၀၀ ​ကျော်​ ပါဝင်​တက်​​ရောက်​ခဲ့ပါတယ်​။ ကရင်​နီအရပ်​ဖက်​အဖွဲ့​တွေဖြစ်​တဲ့ ကရင်​နီပြည်​လူငယ်​များသမဂ္ဂ(ယူ​ကေအက်​စ်​ဝိုင်​) နဲ့ LAIN နည်းပညာအ​ထောက်​အကူပြုအဖွဲ့က အခုပွဲကို စီစဉ်​​ခဲ့တာ ဖြစ်​ပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး
4 years Ago
Up