ငြိမ်းရေးရေး

August 11, 2018

KNU/KNLA(PC) အဖွဲ့မှ ၁၃ ဦး လက်နက်နှင့်ငြိမ်းရေးရေး လဲလှယ်

သြဂုတ်လ ၁ဝ ရက်နေ့ မနက်က KNU/KNLA(PC) အဖွဲ့ ဗဟိုဌာနချုပ်၊ ဒေသဖွံ့ဖြိုးရေးဌာနက ဗိုလ်ကြီးအဆင့်ရှိ စောမျိုးကျော် ဦးစီးအင်အား ၁၃ ယောက်ဟာ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့တဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ KNU/KNLA(PC) ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးဌာနက ဒုတိယတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင် ဦးစီးအဖွဲ့ရဲ့ တပ်ခွဲမှူးအဆင့်ရှိသူ စောမျိုးကျော် ဦးစီးတဲ့အဖွဲ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့ ၁၃ ယောက်တို့ဟာ သာမန်ပြည်သူဘဝနဲ့ အေးချမ်းစွာနေထိုင်လိုခြင်း၊ မိသားစုဘဝ တိုးတက်ရေးအတွက် ဥပဒေနဲ့အညီ လွတ်လပ်စွာဆောင်ရွက်လိုခြင်းတို့ကြောင့် ဘားအံမြို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်ကို သူတို့ကိုင်ဆောင်တဲ့ လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းတွေနဲ့ အတူ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ကြတာလို့ သိရပါတယ်။
5 years Ago
Up