ဂြိုဟ်တု

April 2, 2019

အိန္ဒိယဒုံးကျည်တစီး ပြည်တွင်းပြည်ပ ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်းသုံးခုဆီ လွှတ်တင်

အိန္ဒိယ ဒုံးကျည်တစီးဟာ ဧပြီ ၁ ရက်နေ့က တကြိမ်ပျံသန်းမှု ခရီးစဉ်အတွင်း ပြည်တွင်းပြည်ပ ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းသုံးခုဆီ လွှတ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံအတွက် ပထမဆုံးဖြစ်ပြီး အာကာသဆိုင်ရာ မြေစမ်းခရမ်းပျိုး ရွေးချယ်မှုတွေအတွက် နာမည်ကောင်းလည်း ရခဲ့ပါတယ်။ အိန္ဒိယဟာ ဂြိုဟ်တုဖျက်ဒုံးကျည်ကို သုံးပြီး သူ့ကိုယ်ပိုင် ဂြိုဟ်တုတွေထဲက တလုံးကို ပစ်ချအပြီး သီတင်းတပတ်မကြာခင် အချိန်အတွင်း ပြည်တွင်း ထောက်လှမ်းရေးဂြိုဟ်တုတလုံးနဲ့ နိုင်ငံခြားဂြိုဟ်တုပေါင်း ၂၈ လုံး လွှတ်တင်ခဲ့တာပါ။ ဒါမျိုးစွမ်းရည်ကို တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကသာ အရင်က စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်။ တနင်္လာနေ့က လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတွေထဲမှာ အမေရိကန်က ၂၄ လုံး၊ လစ်သူယေးနီးယားနိုင်ငံက ၂ လုံး၊ စပိန်နဲ့ ဆွစ်ဇာလန်တို့က ၁ လုံးစီပါတယ်၊ အိန္ဒိယက အီမီဆတ် ဂြိုဟ်တုလည်း ပါတယ်လို့ အစိုးရပိုင် အိန္ဒိယ အာကာသသုတေသနအဖွဲ့ (ISRO) က ပြောပါတယ်။ တကြိမ်လွှတ်တင်ရုံနဲ့ ကမ္ဘာပတ်လမ်းကြောင်း ၃ ခုထဲကို ဂြိုဟ်တုတွေ လွှတ်တင်ရတာ ကုန်ကျစရိတ် သက်သာတယ်၊ ဒီနှစ်ထဲမှာ ဒါမျိုးလုပ်ဆောင်ချက် အကြိမ်ရေ ၃၀ ကျော် ပြီးစီးဖို့ ရည်မှန်းထားတယ်လို့ ISRO ဥက္ကဋ္ဌက အရင်က ပြောဖူးပါတယ်။
2 years Ago

March 28, 2019

အိန္ဒိယက ဂြိုဟ်တုဖျက်ဒုံးကျည်သုံးပြီး အာကာသထဲမှ ဂြိုဟ်တုကို ပစ်ချ

အိန္ဒိယအစိုးရဟာ ဂြိုဟ်တုဖျက်ဒုံးကျည် သုံးပြီး အာကာသထဲက ဂြိုဟ်တုကို မတ်လ ၂၇ ရက်က ပစ်ချခဲ့တယ်လို့ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ပြောပါတယ်။ အိန္ဒိယရဲ့ အာကာသ အစီအစဉ်အတွင်း အကြီးစား ထိုးဖောက်ကျော်လွှားနိုင်မှု တရပ်အဖြစ်လည်း ကောင်းချီးပေးလိုက်ပါတယ်။ "အာကာသထဲ ကမ္ဘာပတ်လမ်းကြောင်းနိမ့်ထဲမှာရှိတဲ့ ကီလိုမီတာ ၃၀၀ ကျော်ဝေးတဲ့ ဂြိုဟ်တုတလုံးကို ကျနော်တို့ရဲ့ သိပ္ပံပညာရှင်တွေက ပစ်ချခဲ့တယ်။ ဒါဟာ သမိုင်းဝင် စွမ်းဆောင်မှုပဲ" လို့ မိုဒီက ပြောပါတယ်။ အရင်က ကမ္ဘာပေါ်မှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့သာ ဒီလိုစွမ်းဆောင်နိုင်မှု ရှိခဲ့တယ်၊ ခုတော့ အိန္ဒိယဟာ ဒီလိုစွမ်းဆောင်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပြီလို့ မိုဒီက ပြောပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ စွမ်းဆောင်ရည်အသစ်ဟာ ဘယ်သူ့ကိုမှ အန္တရာယ်ပြုဖို့ မဟုတ်ဘူး၊ ကာကွယ်ရေးအတွက်ပဲလို့ ကမ္ဘာ့လူ့အဖွဲ့အစည်းကို မိုဒီက အာမခံ ပြောဆိုပါတယ်။ အိန္ဒိယဟာ အာကာသလက်နက်ပြိုင်ပွဲကို အစဉ်အမြဲ ဆန့်ကျင်ခဲ့ပြီးပြီလို့လည်း သူက ပြောပါတယ်။ အိန္ဒိယရဲ့ပြိုင်ဘက် ပါကစ္စတန်ရဲ့မှတ်ချက် ချက်ချင်းမရသေးသလို တရုတ်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေဆီက တုံ့ပြန်မှုလည်း မရှိသေးပါဘူး။
3 years Ago
More News
Up