သြစတြီးယား

January 14, 2019

သြစတြီးယားတွင် နှင်းထုပြိုကျမှုကြောင့် ဂျာမန်လျှောစီးသူ ၃ ဦးသေ၊ ၁ ဦး ပျောက်ဆုံး

သြစတြီးယားနိုင်ငံ လက်ခ်အမ်အားဘာ့ဂ် နှင်းလျှောစီး အပန်းဖြေစခန်းနားမှာ နှင်းထုပြိုကျခဲ့လို့ ဂျာမန် လျှောစီးသူ ၃ ဦး သေဆုံးခဲ့ပြီး ပျောက်နေတယ်လို့ ရဲတွေက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။ နှင်းလျှောစီးခရီးစဉ်နဲ့ ရောက်လာတဲ့ လေးယောက်အုပ်စုဟာ တောင်စောင်းမှာ လျှောစီးခဲ့ကြပြီးနောက် ပျောက်နေကြောင်း သူတို့အုပ်စုထဲက တယောက်ရဲ့ ဇနီးက ကြေညာအပြီး ည ၁၁ နာရီလောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာပါ။ ဂျာမနီတောင်ပိုင်းက အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ယောက် ပျောက်နေဆဲဖြစ်ပြီး ရာသီဥတု အခြေအနေက အင်မတန် အန္တရာယ်များလို့ ရှာဖွေရေးလုပ်ငန်းတွေ ရပ်ထားရတယ်၊ ဇန်နဝါရီ ၁၆ ရက်မှာ ဆက်ရှာနိုင်ဖို့ မျှော်လင့်တယ်လို့ တောင်ပေါ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဟာမန်း ဖာချာက ပြောပါတယ်။ သြစတြီးယားနိုင်ငံ အဲ့လ်ပ်စ်တောင်တန်းဒေသမှာ အရင်သီတင်းပတ်က နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့တာပါ။ ဒါကြောင့် နှင်းထုပြိုမယ့် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ဒေသတွင်း လမ်းတွေ ဖြတ်တောက်ထားခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၅၀၀ ကျော် ဒေသမှာ သတိပေးချက် အဆင့် ၃ နဲ့ သူ့ထက်မြင့်တဲ့ ဒေသတွေအတွက် အဆင့် ၅ ထိ သတ်မှတ်ထားပါတယ်။
3 years Ago

နှင်းတောင်ပြိုကျမှုကြောင့် ရထားလမ်းပေါ် ပိတ်မိနေသည့် တောင်ဆိတ်ကို ကယ်တင် (ရုပ်သံ)

နှင်းတောင်ပြိုကျမှုကြောင့် ရထားသံလမ်းပေါ်မှာ ညပ်နေတဲ့ တောင်ဆိတ်တကောင်ကို ကယ်ဆယ်ပေးခဲ့ရတယ်လို့ သြစတြီးယား အမျိုးသားမီးရထားလမ်းကုမ္ပဏီ OeBB က တာဝန်ရှိသူတွေကပြောကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ဆိတ်ဟာ ဂဲဆု အမျိုးသားဥယျာဉ်အနီးမှာ ညပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အက်မွန့်မြို့နဲ့ ဟီးဖလူးမြို့တို့ကြားမှာ မောင်းနှင်နေစဉ်အတွင်း မီးရထားမောင်းဝန်ထမ်းက အမျိုးသားဥယျာဉ်ဝင်ပေါက်အနီး သံလမ်းတွေပေါ်မှာ နှင်းတောင်ပြိုကျမှုတခု ဖြစ်နေတာကို သတိပြုမိခဲ့တယ်လို့ OeBB ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အဲဒီအချိန်မှာ ရထားဟာ ၁ နာရီကို ၃၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နေတာဖြစ်ပြီး တောင်ပြိုကျမှုကြောင့် ရထားကို ရပ်ခဲ့ရကြောင်း၊ အဲဒီနောက်မှာတော့ ရထားသံလမ်းတွေပေါ်မှာ ပိတ်မိနေတဲ့ တောင်ဆိတ်တကောင်ကို မြင်တွေ့ခဲ့ရကြောင်းလည်း သူက ဆက်ပြောပါတယ်။ သံလမ်းပေါ်မှာ နှင်းတွေကြောင့် ပိတ်မိနေတဲ့ တောင်ဆိတ်ဟာ သူ့ကိုယ်သူ ပြန်လွတ်မြောက်အောင် ရုန်းမထွက်နိုင်တော့ကြောင်းနဲ့ တောင်ပြိုကျမှုဖြစ်ဖြစ်ချင်း ရထားမောင်းသူက သတိပြုမိခဲ့တာဟာ သူ့အတွက် ကံကောင်းသွားစေခဲ့ကြောင်းလည်း သတင်းတွေမှာ ဖော်ပြပါတယ်။
3 years Ago

August 30, 2018

အီးယူကာကွယ်ရေးဝန်ကြီးများ ဗီယင်နာမြို့တွင် တွေ့ဆုံ

ဥရောပသမဂ္ဂ (အီးယူ) ကာကွယ်ရေးဝန်ကြီးတွေဟာ ဒေသတွင်း ကာကွယ်ရေးကိစ္စတွေကို အလွတ်သဘော ဆွေးနွေးဖို့အတွက် သြဂုတ် ၂၉ ရက်နေ့က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ နိုင်ငံအသီးသီးက ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီးတွေကို လက်ရှိ အီးယူ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အိမ်ရှင် သြစတြီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးက လက်ခံကြိုဆိုခဲ့ပါတယ်။ ဒီအစည်းအဝေးအတွင်း ဆင်းရဲနွမ်းပါးတဲ့ ဥရောပအရှေ့တောင်ပိုင်း နိုင်ငံတွေနဲ့ ဘော်လကန် အနောက်ခြမ်းဒေသ အရေးတွေကို အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီးယူဒေသတခုလုံးရဲ့ အနာဂတ်လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စကိုလည်း   အလေးထား ဆွေးနွေးမယ့်အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up