သြစတြးလျအိုးပန်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှုံးနိမ့်

A d v e r t i s e m e n t With Us

January 23, 2017

သြစတြးလျအိုးပန်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှုံးနိမ့်

သြစတြေးလျအိုးပန်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ကာဘာ ရှုံးပြီး ပြိုင်ပွဲကို စောစောစီးစီး နုတ်ဆက်သွားရပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့က မဲဘုန်းမှာယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ် ကာဘာဟာ ကမ္ဘာ့အဆင့် ၃၅ ဖြစ်တဲ့ ကိုကိုးဗန်ဒါဝေကို အရှုံးပေးလိုက်ရတာပါ။ အသက် ၂၉ နှစ်အရွယ် ကာဘာဟာ ပြိုင်ဘက်ကို ၆ - ၂၊ ၆ - ၃ နဲ့ ရှုံးသွားတာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အမေရိကန်သူဟာ လက်ပြန်ရိုက်ချက်တွေနဲ့ အသာစီးယူနိုင်သလို ကာဘာရဲ့ ရိုက်ချက်တွေလည်း အမှားအယွင်း များခဲ့ပါတယ်။ ဂျာမနီနိုင်ငံသူ ကာဘာဟာ ပြီးခဲ့တဲ့နှစ် ယူအက်စ်အိုးပန်း ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ထားပါတယ်။ အမေရိကန်သူ ဗန်ဒါဝေဟာ ဂရန်းစလန်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
4 years Ago
Up