ၾသစေၾတးလ် ပြည်သူထောင်သောင်းချီ ရေဘေးဒုက္ခကြုံတွေ့၊ ၂ ဦး သေဆုံး (ရုပ်သံ)

April 1, 2017

သြစတြေးလျ ပြည်သူထောင်သောင်းချီ ရေဘေးဒုက္ခကြုံတွေ့၊ ၂ ဦး သေဆုံး (ရုပ်သံ)

သြစတြေးလျနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ထောင်သောင်းချီတဲ့ ပြည်သူတွေ ရေဘေးဒုက္ခ ကြုံတွေ့နေကြရပါတယ်။ သြစတြေးလျနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတလွှားကို အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းရဲ့အား အကြွင်းအကျန်တွေ တိုက်ခတ်ခဲ့အပြီး လမ်းတွေ ပြတ်တောက်ကုန်ပါတယ်။ လူ၂ဦး သေဆုံးပြီး တံတားတွေ ပျက်စီးကုန်ပါတယ်။ ကွင်းစလန်ပြည်နယ် အပူပိုင်း အပန်းဖြေစခန်းသာကျွန်းကနေ နယူးဆောက်သ်ဝေး ပြည်နယ်က လယ်ကွင်းတွေထိ မိုင် ၆၀၀ တလွှားကို ကပ်ဘေးသင့်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။ အိမ်ခြေ ၁ သိန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက် ကုန်ပါတယ်။ မြစ်ကြီး ၆ စင်းမှာ အကြီးစား ရေလွှမ်းနိုင်တဲ့ စိုးရိမ်ရေမှတ်ကို ရောက်နေပြီး နေရာ အတော်များများမှာ မြစ်ရေက တက်နေဆဲလို့ မိုးလေဝသဗျူရိုက ပြောပါတယ်။ မတ် ၃၁ ရက်နေ့နှောင်းပိုင်းက အမျိုးသမီး ၂ ဦးရဲ့ အလောင်းကို ရေထဲမှာတွေ့တယ်လို့ ရဲက ပြောပါတယ်။ ဒါဟာ မတ် ၂၈ ရက်ကစတဲ့ ဆိုင်ကလုန်း ဒက်ဘီ တိုက်ခတ်ချိန်ကနေ ခုထိ ပထမဆုံး လူသေဆုံးမှု အစီရင်ခံတာပါ။ ဧပြီ ၁ ရက်နေ့မှာတော့ နယူးဆောက်သ်ဝေးပြည်နယ် မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းတာတွေ ဆက်လုပ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ် ထားပါတယ်။ ကွင်းစလန်ပြည်နယ် ရော့ခ်ဟမ်တွန်မြို့မှာ လာမယ့်သီတင်းပတ်အတွင်း စံချိန်တင် ရေကြီးမယ်လို့လည်း ကွင်းစလန် ရဲတွေက ပြောပါတယ်။ ပြည်သူတွေ သတိရှိကြဖိုနဲ့ မစွန့်စားကြဖို့ ဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က တိုက်တွန်းထားပါတယ်။
5 years Ago
Up