ၾသစေၾတးလ် အိုလံပစ် သေနတ်ပစ်ချန်ပီယံကို တရားစွဲ

A d v e r t i s e m e n t With Us

May 24, 2016

သြစတြေးလျ အိုလံပစ် သေနတ်ပစ်ချန်ပီယံကို တရားစွဲ

အိုလံပစ် သေနတ်ပစ်ချန်ပီယံ မစ်ချယ် ဒိုင်းမွန်းကို အရက်မူးပြီး ယာဉ်မောင်းတဲ့အမှု၊ စည်းကမ်းမဲ့ လက်နက်ကိုင်ဆောင်မှုတွေအတွက် တရားစွဲထားတယ်လို့ သြစတြေးလျ အိုလံပစ် ကော်မတီက မေ ၂၃ ရက်နေ့က ပြောပါတယ်။ ဒါကြောင့် ဘရာဇီး ရီယိုအိုလံပစ်ကျရင် ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မသေချာတော့ပါဘူး။ နယူးဆောက်ဝေးပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် ဒိုင်းမွန်းဟာ အိုလံပစ် ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ အရက်သေစာ အလွန်အကျွံ သောက်စားထားပြီး လက်နက်ကိုင်တဲ့အတွက် တရားစွဲထားတယ်လို့ ပြည်နယ်ရဲအဖွဲ့က အတည်ပြုပါတယ်။ သူ့ကားထဲမှာ ကျည်ဆံအတောင့် ၁၅၀ ကို တွေ့ရပြီး သွေးထဲ အရက်ပါဝင်မှုကို စစ်ဆေးတဲ့အခါမှာ ခွင့်ပြုထားတဲ့ အတိုင်းအတာထက် ၃ ဆလောက် ပိုများတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ လောလောဆယ်မှာ သူ့ရဲ့ ယာဉ်မောင်းလိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်တို့ကို သိမ်းထားလိုက်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားကာ ဇူလိုင် ၇ ရက်နေ့မှာ ရုံးတင်စစ်ဆေးမှာ ဖြစ်ပါတယ်။
5 years Ago
Up