ၾသစေၾတးလ် တင်းနစ်ဗိုလ်လုပွဲ နာမည်ကြီး ရော်ဂျာဖက်ဒရာကို မီလို့စ် ရိုနစ် အနိုင်ယူ

January 12, 2016

သြစတြေးလျ တင်းနစ်ဗိုလ်လုပွဲ နာမည်ကြီး ရော်ဂျာဖက်ဒရာကို မီလို့စ် ရိုနစ် အနိုင်ယူ

သြစတြးလျနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ဘရစ္စပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မီလို့စ်ရိုနစ်က နာမည်ကြီး ရော်ဂျာ ဖက်ဒရာကို အနိုင်ရသွားပါတယ်။ အသက် ၂၅ နှစ်အရွယ် ကနေဒါ တင်းနစ်သမား ရိုနစ်က ဒီပွဲနိုင်လို့ ပြီးခဲ့တဲ့ ဆွစ်မာစတာပြိုင်ပွဲမှာ ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရိုနစ် လက်စွမ်းပြ ကစားနိုင်ခဲ့ပြီး စပေးဘောတွေကနေ အမှတ်ယူနိုင်ခဲ့ပါတယ်။ ပထမပွဲကို ရိုနစ်က ၆ - ၄ နဲ့ အနိုင်ရသွားပါတယ်။ ဂရန်းစလန်း ဆုဖလား ၁၇ ကြိမ် ရဖူးထားတဲ့ ဖက်ဒရာဟာ ဒီပွဲမှာ ရုန်းကန် ကစားသွားရပြီး ရိုက်ချက်တွေ အမှားအယွင်း များခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁၄ ဖြစ်တဲ့ ကနေဒါနိုင်ငံသား ရွန်နီက အကွက်ချ ရိုက်ချက်တွေမှာလည်း အသာစီးယူနိုင်ခဲ့လို့ ဒုတိယပွဲကိုလည်း ၆ - ၄ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ဘရစ္စပင်း တင်းနစ်ပြိုင်ပွဲဟာ တင်းနစ်သမားတွေအတွက် လာမယ့် သြစတြေးလျ အိုးပန်းအကြို လက်ရည်သွေးတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ သြစတြေးလျအိုးပန်း ဂရန်းစလန်းပြိုင်ပွဲကို လာမယ့် ဇန်န၀ါရီ ၁၈ ရက်နေ့မှာ စတင်သွားမှာပါ။
7 years Ago
Up