ၾသစေၾတးလ် ကားအိုးကားဟောင်း ထိန်းသိမ်းရေးစခန်းကြီး မီးလောင် (ရုပ်သံ)

A d v e r t i s e m e n t With Us

November 6, 2016

သြစတြေးလျ ကားအိုးကားဟောင်း ထိန်းသိမ်းရေးစခန်းကြီး မီးလောင် (ရုပ်သံ)

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အနောက်ပိုင်းမှာ ကားအိုကားဟောင်း ထိန်းသိမ်းရေးစခန်းတခု နိုဝင်ဘာ ၅ ရက်နေ့က မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။ စခန်းထဲက အဆောက်အဦးကြီး ၂ ခုမီးလောင်ကျွမ်းပျက်စီးခဲ့ပြီး အနီးပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေနဲ့ နေအိမ်တွေက လူတွေကို ဘေးကင်းရာ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေပြောဆိုပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားပေမယ့် လေပြင်းတိုက်ခတ်နေတဲ့အတွက် ထိထိရောက်ရောက် မီးကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ပြီး လူတွေ ဝေးဝေးရှောင်ရှားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ ကားအတော်များများ ပျက်စီးသွားပြီး နယူးဆောက်ဝေးပြည်နယ် မြောက်ပိုင်းမှာ အာဏာပိုင်တွေက မီးမရှို့ကြဖို့ ဆက်လက်ပိတ်ပင်ထား ပါတယ်။
4 years Ago
Up