သြစတြေးလျနှင့် အာရှဒေသနိုင်ငံအချို့တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပြတ်တောက်

May 9, 2017

သြစတြေးလျနှင့် အာရှဒေသနိုင်ငံအချို့တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပြတ်တောက်

သြစတြေးလျနိုင်ငံနဲ့ အာရှဒေသ နိုင်ငံတချို့မှာ ဒီကနေ့မနက် အစောပိုင်းက ကမ္ဘာ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလို့ မရခဲ့ဘဲ ပြတ်တောက်သွားခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေဆီ ဝင်ရောက်လို့မရဘဲ ရှိနေခဲ့တာလို့ ဒေးလီးမေးလ် သတင်းတပုဒ်က ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ အင်တာနက်အသုံးပြုသူတွေဟာ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ဒါကို ဖြေရှင်းပေးနိုင်ဖို့ ဖြေရှင်းချက်တွေ တောင်းခံခဲ့ကြတာကို တွေ့ရပါတယ်။ Downdetector.com အင်တာနက်စာမျက်နှာပေါ်မှာတော့ ပြတ်တောက်သွားခဲ့တဲ့ နိုင်ငံတွေထဲမှာ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှ အင်တာနက်အသုံးပြုသူတွေဆီကိုတော့ “တစုံတခု မှားယွင်းနေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါကို အမြန်ဆုံး ပြန်လည်ပြုပြင်ဖို့ ကျနော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဆိုတဲ့ မက်ဆေ့ခ်ျတွေ ပေးပို့ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူတွေဆီက တုံ့ပြန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ တယောက်ကတော့ “ဘုရားသခင် ဒီမှာတော့ ကမ္ဘာပျက်နေပြီ။ တယောက်ယောက်နဲ့ မျက်နှာချင်းဆိုင် ဘယ်လိုစကားပြော ဆက်သွယ်နိုင်တော့မလဲ” လို့ ရေးခဲ့ပါတယ်။ နောက်တယောက်ကတော့ အပြောင်အပျက်သဘောနဲ့ “ဖေ့စ်ဘွတ်ခ် လိုင်းကျသွားခဲ့တဲ့အခါ အွန်လိုင်းပြန်တက်နိုင်ဖို့ Refresh ပြန်လုပ်ပြီး တက်လာတဲ့ထိ စောင့်ရုံပဲပေါ့။ ငါသိတာ ဒါအကုန်ပဲ” လို့ ရေးခဲ့တာကို တွေ့ရပါတယ်။
4 years Ago
Up