သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် စံချိန်တင် အပူချိန် မြင့်တက်

January 8, 2018

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် စံချိန်တင် အပူချိန် မြင့်တက်

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ အပူချိန်ဟာ ဇန်နဝါရီ ၇ ရက်နေ့မှာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်ထိ ရောက်ရှိခဲ့ပါတယ်။ ဆစ်ဒနီမြို့အနောက်ပိုင်း ပင်ရစ်သ်မြို့ရဲ့ အပူချိန်ကတော့ ၄၇ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ်ထိရှိခဲ့ပြီး ၁၉၃၉ ခုနှစ်နောက်ပိုင်း အပူဆုံးနေ့တနေ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း မိုးလေဝသဌာနရဲ့ ကြေညာချက်အရ သိရပါတယ်။ လူအများစုကတော့ ဆစ်ဒနီမြို့ရဲ့ ဟိုက်ဒ်ပန်းခြံက ရေကန်တွေနဲ့ ကမ်းခြေမှာ အပူချိန်ကို ရှောင်ရှားအနားယူဖို့ ပြင်ဆင်နေကြတာကိုလည်း တွေ့ရပါတယ်။ ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတဦးကတော့ တောင်တက်ရင်း ပြင်းထန်လွန်းတဲ့ အပူချိန်ဒဏ်မခံနိုင်လို့ အကူအညီ တောင်းခံခဲ့ရပါတယ်။ ဆစ်ဒနီရဲ့ အပူလွန်ကဲမှုက မီးပွိုင့်တွေနဲ့ အလိုအလျောက် စကားပြောစက်တွေရဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်စေခဲ့သလို စီးပွားရေးလုပ်ငန်းတချို့မှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up