သြစတြေးလျမော်ဒယ်၏ နေအိမ် ဖောက်ထွင်းသူက လုံခြုံရေးကို ဓားဖြင့်ထိုး

October 16, 2016

သြစတြေးလျမော်ဒယ်၏ နေအိမ် ဖောက်ထွင်းသူက လုံခြုံရေးကို ဓားဖြင့်ထိုး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးဒေသမှာ သြစတြေးလျ စူပါမော်ဒယ် မီရန်ဒါကားရ်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်လာသူက လုံခြုံရေးအစောင့်ကို ဓားနဲ့ ထိုးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံပါတယ်။ လုံခြုံရေးအစောင့်ဟာ မျက်နှာကို ဓားနဲ့ အထိုးခံရပေမယ့် ကျူးကျော်ဝင်ရောက်လာသူကို သေနတ်နဲ့ အချက်ရေ အတော်များများ ပြန်ပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ၂ ယောက်လုံးကို ဒဏ်ရာတွေနဲ့အတူ ဒေသခံ ဆေးရုံကို ခေါ်သွားပြီး အသက်ဘေး မစိုးရိမ်ရဘူးလို့ လော့စ်အိန်ဂျလိစ်မြို့နယ် ငြိမ်ဝပ်ပိပြားရေးရုံးက တာဝန်ရှိသူတွေက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ မွေးခဲ့တဲ့ စူပါမော်ဒယ်လ် မီရန်ဒါကားရ်ဟာ အခင်းဖြစ်ချိန်က အိမ်မှာ မရှိနေခဲ့ဘူးလို့ မီဒီယာတွေက အစီရင်ခံပါတယ်။
5 years Ago
Up