သြစတြေးလျနိုင်ငံ၊ တောင်ပိုင်းပြည်နယ် တောမီးလောင်ကျမ်းမှုတွေအတွင်း နေအိမ်အဆောက်အဦ အနည်းဆုံး ၈၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြုပြောဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး တောမီးအရှိန်လည်း ကျသွားပြီ ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေလည်း တောမီးကို ထိန်းချုပ်နိုင်ပြီလို့ သြစတြေးလျ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
တောမီးကြောင့် ပိတ်ထားတဲ့ကားလမ်းတွေကို နိုဝင်ဘာ ၂၆ ရက်နေ့ကတည်းက အာဏာပိုင်တွေက ပြန်ဖွင့်ပေးလိုက်ပြီး ဒေသခံတွေကိုလည်း သူတို့ရဲ့ အိုးအိမ်အပျက်အစီးတွေကို လာရောက်ကြည့်ခွင့်ပေးခဲ့ပါတယ်။
“တောမီးလောင်သွားလိုက်တာ ၅ မိနစ်အတွင်း နှစ်ပေါင်း ၄၀ လောက်စုလာတဲ့ အဖိုးတန်ပစ္စည်းတွေ ကုန်ရော” လို့ နေအိမ်မီးလောင်ကျွမ်းသွားတဲ့ ဒေသခံတဦးက ပြောဆိုပါတယ်။
တဲအလုံးရေ အနည်းဆုံး ၁၆၆ လုံးလည်း လောင်ကျွမ်းခဲ့တယ်လို့ ကောက်ရိုးပုံတွေ၊ ကောက်ရိုးထုံးတွေတော့ ဆက်လက်မီးလောင်ကျွမ်းနေဆဲလို့ ဒေသခံသတင်းဌာနက ဖော်ပြပါတယ်။
တောမီးကြောင့် သေဆုံးသူ ၂ ယောက်ရှိတယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြုပြောဆိုထားပါတယ်။
မွေးမြူရေးတိရစ္ဆာန်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ထောင်နဲ့ချီ သေဆုံးနိုင်တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ခန့်မှန်းပြောဆိုပါတယ်။
7 years Ago