သြစတြေးလျတောမီး နေအိမ်တလုံး ကူးစက်လောင်ကျွမ်း

January 19, 2016

သြစတြေးလျတောမီး နေအိမ်တလုံး ကူးစက်လောင်ကျွမ်း (ရုပ်သံ)

သြစတြေးလျနိုင်ငံ မောနင်တန်ကျွန်းဆွယ် (Mornington Peninsula) မှာ ဇန်န၀ါရီ ၁၈ ရက်နေ့က တောမီးလောင်ကျွမ်းနေပြီး အိမ်တလုံး မီးထဲပါသွားခဲ့ပါတယ်။ တခြားအိမ်တွေလည်း မီးကူးစက်လောင်ကျွမ်းမယ့် အခြေအနေရှိလို့ ဒေသခံတွေကို သူတို့အိမ်တွေကနေ အမြန်ဆုံး ထွက်ခွာကြဖို့ မြို့အာဏာပိုင်တွေက သတိပေး လှုံ့ဆော်ထားပါတယ်။ ဒီ မောနင်တန်ကျွန်းဆွယ်ဟာ ၀ိတိုရိယပြည်နယ် မဲလ်ဘုန်းမြို့တောင်ပိုင်းမှာ တည်ရှိပြီး မြောက်လေပြင်း တိုက်ခတ်နေတဲ့အတွက် မီးကူးစက်လောင်ကျွမ်းတာ သိပ်လျှင်မြန်တယ်လို့ ဒေသခံ သတင်းတွေက ဆိုပါတယ်။ လာမယ့်ရက်တွေမှာ အအေးပိုလာနိုင်ဖွယ်ရှိလို့ တောမီးအရှိန် ကျလာနိုင်တယ်လို့ ဒေသခံ အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။
6 years Ago
Up