သြစတြေးလျအိုးပန်း အမျိုးသားတဦးချင်း ဗိုလ်လုပွဲတွင် ရော်ဂျာဖက်ဒရာ အနိုင်ရဗိုလ်စွဲ

January 30, 2017

သြစတြေးလျအိုးပန်း အမျိုးသားတဦးချင်း ဗိုလ်လုပွဲတွင် ရော်ဂျာဖက်ဒရာ အနိုင်ရဗိုလ်စွဲ

ဇန်နဝါရီ ၂၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း အမျိုးသားတဦးချင်း ဗိုလ်လုပွဲစဉ်မှာ ရော်ဂျာ ဖက်ဒရာက ရာဖေး နာဒယ်ကို ၅ ပွဲအပြည့် ရိုက်အပြီး အနိုင်ရသွားပါတယ်။ ကမ္ဘာ့နံပါတ်တစ်ဟောင်း ဖက်ဒရာအတွက်တော့ ၁၈ ခုမြောက် ဂရန်းစလန်း ဆုဖလားကို ရယူနိုင်တာ ဖြစ်ပါတယ်။ ဖက်ဒရာနဲ့ နာဒယ်တို့ ဂရန်းစလန်း ဗိုလ်လုပွဲမှာ ၉ ကြိမ် ဆုံဖူးရာ နာဒယ်က ၆ ကြိမ် အနိုင်ရပြီး ဖက်ဒရာက ၃ ကြိမ် အနိုင်ရထားပါတယ်။ အသက် ၃၅ နှစ်အရွယ် ဖက်ဒရာဟာ ဒီပြိုင်ပွဲမှာ နာဒယ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဖက်ဒရာဟာ အပြန်အလှန် ရိုက်ချက်တွေမှာ နာဒယ်ကို မယှဉ်နိုင်ပေမယ့်လည်း စပေးဘောတွေကနေ အသာစီးယူနိုင်ခဲ့ပါတယ်။ ရော်ဂျာ ဖက်ဒရာအတွက်တော့ ၅ နှစ်အတွင်းမှာ ပထမဆုံး ပြန်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဖက်ဒရာက သူ့အနေနဲ့ နောက်ထပ် ဂရန်းစလန်း ဆုဖလားတွေ ရယူနိုင်သေးတယ်လို့ ပြောဆိုသွားပါတယ်။
5 years Ago
Up