သြစတြေးလျနိုင်ငံမှာ ဇန်န၀ါရီ ၃၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က အင်ဒီ မာရေးကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။
ကမ္ဘာ့အဆင့် ၁ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားသူလည်း ဖြစ်ပါတယ်။
ပထမပွဲမှာ ဗြိတိန်သား ကမ္ဘာ့အဆင့် ၂ မာရေး စပေးဘောရပေမယ့် ဂျိုကိုဗစ် လက်စွမ်းပြပြီး အမှတ်ပြတ် ၆ - ၁ နဲ့ အနိုင်ရသွားပါတယ်။
ဒုတိယပွဲမှာ မာရေးက အမှတ်အသာနဲ့ ဦးဆောင်နိုင်ပေမယ့်လည်း နောက်ပိုင်းမှာ ၇ - ၅ နဲ့ အရှုံးပေးလိုက်ရပါတယ်။
တတိယပွဲမှာလည်း လက်ရှိချန်ပီယံ ဂျိုကိုဗစ်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အဆုံးအဖြတ် အမှတ်မှာ ၇ - ၃ နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိသွားပါတယ်။
မာရေးကတော့ သြစတြေးလျအိုးပန်း ပြိုင်ပွဲကို ဗိုလ်လုပွဲမှာ ၅ ကြိမ်မြောက် ရှုံးနိမ့်သွားတာပါ။
ဂျိုကိုဗစ်ကတော့ သြစတြေးလျအိုးပန်း ဂရန်းစလန်း ချန်ပီယံဆုကို စံချိန်တင် ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်တာပါ။
သြစတြေးလျအိုးပန်း ချန်ပီယံဆုဟာ ဂျိုကိုဗစ်အတွက် ၁၁ ခုမြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။
7 years Ago